Print

ကလေးမိဘ အတော်များများ မှားယွင်းလုပ်ဆောင်ချက်များ

  18-Nov-2020
Preview Image

မှားယွင်းလုပ်ဆောင်တတ်တာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ တွေ့ရများ တာက မက်ကလောင် ဖောက်တယ်ဆိုတဲ့ ဓလေ့ရှိတယ်။ ကလေးတွေ တော်တော်နဲ့ အဖျားမကျရင် မက်ကလောင် ဖောက်ရတယ်ဆိုပြီး လက်ထိပ်တွေဖောက်၊ ခြေထိပ်
တွေဖောက် လုပ်တတ်ကြပါတယ်။ ဒီထက်ပိုဆိုးတာကတော့ စအိုနားကိုပါ ဖောက် တတ်ကြပါတယ်။ အဲဒီလိုဖောက်တဲ့အခါ တစ်ချို့က အပ်သန့်သန့်နဲ့ မီးဖုတ်ပြီး ဖောက်တယ်လို့ ပြောကြတယ်။

အပ်သန့်တာနဲ့ပဲ ဖောက်ဖောက်၊ မီးဖုတ်ပြီးပဲ ဖောက်ဖောက်၊ အပ်မသန့်တာနဲ့ ပဲဖောက်ဖောက်၊ သံချေးတက်တာနဲ့ပဲ ဖောက်ဖောက်၊ တချို့က ရှောက်စူးနဲ့ဖောက် တယ်လို့ ပြောကြတယ်။ ဘာနဲ့ပဲဖောက်ဖောက် မလုပ်သင့်ပါဘူး။ ဘာမှမဆိုင်ဘူး လို့လည်း ပြောချင်ပါတယ်။ အညစ်အကြေးစွန့်တဲ့ စအိုနားမှာ ပိုးတွေက အများကြီးပဲ။

သူ့ဘာသာသူ အပြင်မှာနေနေတဲ့ ပိုးတွေက အပ်နဲ့ဖောက်လိုက်တော့မှ သွေး ထွက်ပြီး အဲဒီအပေါက်ကနေ ပိုးတွေက ခန္ဓာကိုယ်ထဲ ဝင်သွားပါတယ်။ သွေးကတစ်ကိုယ် လုံးကို လှည့်ပတ်နေတာဆိုတော့ အဲဒီကျမှ သွေးဆိပ်တက်ပြီး ကလေးက ကိုယ်ပူနေရာ ကို အေးသွားတတ်ပါတယ်။ အဲဒါကို လူကြီးတွေက အဖျားကျသွားပြီး ထင်နေကြတာ၊ တကယ်က အဖျားကျတာမဟုတ်ဘူး၊ သွေးဆိပ်တက်ပြီး မကြာခင် အသက်အန္တရာယ်
ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် မက်ကလောင် ဖောက်တယ်ဆိုတာ မလုပ်သင့်ဘူးလို့ပဲ အကြံပြုချင်ပါတယ်။


Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18