ထစ်ခနဲရှိ သွေးခြည်ဥတဲ့ပြဿ နာ
19-Oct-2020
အသက်အရွယ် အိုမင်းလာလို့ သွေးခြည်ဥတာကိုထားတော့။ တစ်ချို့
ငယ်ငယ် ရွယ်ရွယ်နဲ့ကို အလွယ်တကူ သွေးခြည်ဥ၊ အညိုအမည်းစွဲတာမျိုးတွေ ရှိပါတယ်။
Bruising Syndrome တဲ့။ သွေးခြည်ဥပြီး အညိုအမည်းစွဲလွယ်တဲ့ ရောဂါစုပေါ့။ မတော်တဆ တစ်ခုခုနဲ့
ထိမိ၊ တိုက်မိတာဖြစ်ဖြစ် အရေပြားကို ဆွဲဆိတ်တာ၊ ကုတ်မိတာပဲဖြစ်ဖြစ် အဲဒီနေရာမှာ အညိုအမည်း
စွဲထင်ကျန်ရစ်ပါလေရော။ အရြေပားက ပါးတာလည်းမဟုတ်၊ ကိုလာဂျင်တွေက
အားမသန်တာလည်းမဟုတ် အဖြေရှာရခက်တဲ့ ပြဿ နာပါ။
သွေးကြည့်တော့လည်း ထူးထူးခြားခြား ဘာမှမတွေ့ရပါဘူး။ ပုံမှန်ပဲဆိုပါတော့။
သုတေသီတစ်ချို့ကတော့ သွေးဥမွှားတွေအရေအတွက်က ပုံမှန်အနေအထားရှိပေမယ့် သူတို့ကိုဆန့်ကျင်တဲ့
အင်တီဘော်ဒီတွေ ရှိနေလို့ပါတဲ့။ သွေးခဲစေရာမှာ အရေးပါ တဲ့ သွေးဥမွှားတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့
သဘောပေါ့။ ဒါပေမယ့် ခုလို ထစ်ခနဲရှိ သွေးခြည်ဥ၊ အညိုအမည်းအကွက် ကျန်ရစ်သူတွေဟာ ဘာပြဿ
နာမှ မရှိကြပါဘူး။ တဖြည်းဖြည်းနဲ့ အချိန်တန်ရင် သူ့အလိုလို မှိန်သွားတာပါ။
Credit : ဒေါက်တာကျော်ကျော်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

