လက်မောင်းတုတ်ခြင်း ( Flabby arms )
25-Aug-2017
ဟော်မုန်းပြဿနာ - တက်စထရိုစတီရုန်း Testosterone
Testosterone ဟာ အမျိုးသားဟော်မုန်းသက်သက်မဟုတ်ပါဘူး။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ Adrenal အကျိတ်နဲ့ မမျိုးဥအိမ်ကနေ Testosterone ပမာဏအနည်းငယ်ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီဟော်မုန်းက ကြွက်သားနဲ့ အရိုးသန်မာမှု၊ ဦးနှောက်လုပ်ငန်းနဲ့ လိင်စိတ်မြင့်အားအောင် ကူညီပေးပါတယ်။ သင့်မှာ ဒီဟော်မုန်းလုံလုံလောက်လောက်မရှိခဲ့ရင် လက်မောင်းအပေါ်ပိုင်းနဲ့ နောက်ကျောနေရာမှာ အဆီတွေစုနေတတ်ပါတယ်။ အမျိုးသားတွေမှာ ဒီလိုကျွဲပုခုံးပြဿနာမဖြစ်တာက သူတို့ရဲ့ Testosterone အဆင့်မြင့်မားနေတာကြောင့်ပါ။အသက် ၄ဝ အရွယ်ရောက်သွားတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ အသက် ၂ဝမှာရှိတဲ့ Testosterone ပမာဏရဲ့ ထက်ဝက်သာကျန်ရှိနေပြီး မီးယပ်သွေးဆုံးပြီး နောက်ပိုင်း Testosterone အဆင့်တွေ သိသိသာသာ လျော့ကျသွားတာကြောင့် လိင်စိတ်သားစိတ်လျော့နည်းသွားရတာပါ။
ဖြေရှင်းနည်း
- သွေးတွင်းသကြားဓာတ်မြင့်မားတာက Testosteroneထုတ်လုပ်မှုကို လျော့ကျစေနိုင်တဲ့အတွက် အချိုစာတွေကို ရှောင်ပါ။
- အိုမီဂါ ၃ အဆီများများစားပါ။ ဒီအဆီက Testosterone ထုတ်လုပ်မှုအတွက် လိုအပ်တာကြောင့်ပါ။ ဆယ်လ်မွန်၊ ငါးသလောက်၊ ငါးသေတ္တာလိုမျိုး အစာတွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်စားပေးပါ။
- အလေးနဲ့ လေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို အသုံးပြုရတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းတွေကလည်း အရိုးနဲ့ ကြွက်သားပေါ်မှာ ဖိအားသက်ရောက်မှုရှိနိုင်တဲ့အတွက် ကြွက်သားတွေမှ စွမ်းအင်တွေ ပိုမိုရရှိဖို့ Testosterone တွေပိုထွက်လာနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံးသုံးကြိမ် အလေးမလေ့ကျင့်ခန်းပြုလုပ်ပါ။
ကိုးကား - ဒေါက်တာ ခင်မိုးမိုး Arogyam 2015 November
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
