သွေးစုနာ
08-Sep-2020
သွေးစုနာလက္ခဏာက များသောအားဖြင့် ပဲစေ့အရွယ်သာ ရှိတတ်ပေမယ့်
ဂေါက်သီးတစ်လုံး အရွယ်လောက်အထိလည်း ကြီးမားတတ်ပါတယ်။
လက္ခဏာတွေအနေနဲ့ -
• အနီရောင်ရောင်ရမ်းမှုဖြစ်ပြီး နာကျင်တာ၊
• အနာထိပ်မှာ အဖြူ ရောင် ဒါမှမဟုတ် အဝါရောင်ဖြစ်နေတာ၊
• အရည်၊ ပြည်စိမ့်ထွက်တာ ဒါမှမဟုတ် အနာပေါက်သွားတာ၊ အဖျားဝင်တတ်တာ
လည်း ဖြစ်တတ်တာမို့ အဖျားရှိရင် ဆရာဝန်နဲ့ပြပါ။
ဘာကြောင့်ဖြစ်ရတာလဲ
သွေးစုနာက Staphylococcus ဘက်တီးရီးယား အမျိုးအစားကြောင့်ဖြစ်တာပါ။ ဒီဘက်တီးရီးယားတွေက
ကျန်းမာတဲ့လူတွေရဲ့ အရေပြားနဲ့ နှာတွင်းအတွင်းမှာ အမြဲတမ်း ရှိနေတတ်ပေမယ့် ဘာပြဿ နာမှတော့
မပေးတတ်ပါဘူး။ အရေပြားပွန်းပဲ့ရာ၊ ပြတ်ရှရာ ဒါမှမဟုတ် ခြစ်မိရာမှတစ်ဆင့် အဲဒီဘက်တီးရီးယားတွေက
မွေးညင်းပေါက်ထဲ ဝင်ရောက်သွားပြီး ရောဂါရရှိတာဖြစ်ပါတယ်။ ဝက်ခြံနဲ့ ဆက်စပ်နေတဲ့ မွေးကျွတ်နာတွေ
က မွေးညင်းပေါက်တွေ ပိတ်ဆို့မှုဖြစ်ရာကနေ ရောဂါပိုးကူးစက်ခံရတာပါ။
Credit : ဒေါက်တာခင်မိုးမိုး
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

