Toothache ( သွားကိုက်၊ သွားနာခြင်း)
14-Jul-2017
အများအားဖြင့် သွားပိုးစားခြင်းကြောင့် သွားအတွင်းတွင် အခေါင်းပေါက်ဖြစ်ကာ အနီးဝန်းကျင်တွင် ဲပြည်တည်နာဖြစ်ခြင်းကြောင့် သွားကိုက်လေ့ရှိသည်။ သွားကိုက်ပါက ဆရာဝန်ကို ပြသသင့်ပြီး အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်း၊ ရေနွေးဖြင့်ငုံပေးခြင်း၊ ဂွမ်းစတွင် အရက် (ဝီစကီ) အနည်းငယ်ဆွတ်ကာ သွားတွင်ကပ်ထားခြင်း စသည်ဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။ အေးသောအစာများ၊ ရေခဲရေများ မသောက်သုံးရ။ ကုသမှုမပြီးမချငး် ၄င်းသွားဖြင့် အစားအစာများကို မဝါးသင့်ပါ။
သွားပိုးစားခြင်းသည် အကြောင်းအရင်း များစွာရှိသော်လည်း အဓိကမှာ အစားအစာပင်ဖြစ်သည်။ သကြားများသော ချိုသောအစာများကို မကြာခဏ စားသုံးခြင်းက အကြောင်းအရင်းတစ်ရပ်ဖြစ်ပြီး ထမင်းစားချိန်တစ်ခုနှင့် တစ်ခုကြား အချိုများ မကြာခဏ မစားသင့်ပေ။ စားသုံးပါကလည်း ပြီးလျှင် သွားတိုက်ခြင်း ပြုလုပ်သင့်ပါသည်။
သွားတို့ကို Flouride ပါသော သွားတိုက်ဆေးဖြင့် တစ်ရက်လျှင် အနည်းဆုံး (၂)ကြိမ်တိုက်ပေးရမည်။ သင်တို့နေထိုင်သောဒေသရှိ သောက်သုံးရေတွင် Flouride ပါဝင်မှုနည်းပါက ကလေးတို့၏ သွားများသန်မာစေရန် ကြီးထွားချိန်တွင် Flouride ဆေးများ တိုက်ကျွေးရမည်။ ကလေးတို့ ငယ်ရွယ်စဉ်တွင် အလေ့အကျင့်များ အရေးကြီးသဖြင့် ကိုယ်ပိုင်သွားတိုက်တံကို သုံး၍ သွားတိုက်သော အကျင့်ပြုလုပ်ပေး ထားရမည်။ ထို့အပြင် (၆) လတစ်ကြိမ် သွားဆရာဝန်နှင့် ပြသစစ်ဆေးခြင်း၊ အစာစားပြီးတိုင်း dental floss ကို အသုံးပြု၍ အညစ်အကြေးများ ဖယ်ရှားပေးခြင်းတို့ ပြုလုပ်ပါက သွားပိုးစားခြင်း၊ ကျောက်ဖြစ်စေခြင်းတို့ကို ကာကွယ်နိုင်ပါမည်။
Credit- ဒေါက်တာမေမိုးနွယ်
(A-Z မိသားစုကျန်းမာရေး လမ်းညွှန်)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
