Print

ယိစ်ပိုးဝင်ရောက်ခံရခြင်း

  14-Aug-2020
Preview Image

Candida albicans ခေါ် ဖန်းဂပ်စ်မှို ကူးစက်ခံရမှုကို ယိစ်ပိုးဝင်ရောက်ခံရခြင်းဟု ဆိုနိုင်သည်။ ယိစ်မှာ အရေပြား၊ သားမွေးလမ်းကြောင်းနှင့် ပါးစပ်တွင်းတို့၌ သာမန်အားဖြင့်ရှိနေသော မှိုပိုးတစ်မျိုးဖြစ်သည်။ နေထိုင်မကောင်းခြင်း၊ သွေးချိုဆီးချိုရောဂါ၊ ဆေးဝါးများသုံးစွဲခြင်း၊ သန္ဓေတားခြင်းနှင့် ပဋိဇီဝဆေးများ သုံးစွဲခြင်းတို့ကြောင့် ယိစ်ပိုးများ အလွန်အကျွံပွားများလာနိုင်သည်။ အများအားဖြင့် ယိစ်စွဲကပ်မှု၏ ၉၀ ရာခိုင်နှုန်းမှာ ပဋိဇီဝသုံးစွဲမှုကြောင့် ဖြစ်သည်။ ယိစ်ပိုးပြဿနာမှာ ကလေးငယ်များ အပါအဝင် အမျိုးသမီးနှင့် အမျိုးသားအားလုံးတွင် ဖြစ်နိုင်သည်။ ကလေးများတွင်လည်း မှက္ခရုဟု သုံးနှုန်းခေါ်ဆိုလေ့ရှိသည်။ အမျိုးသမီးများတွင် သားမွေးလမ်းကြောင်းနှင့် အင်္ဂါပြင်ပ အရေပြားတွင် ဖြစ်လေ့ရှိသည်။ ယိစ်ပိုးကို အလွယ်တကူ ဝယ်ယူနိုင်သော ဆေးဝါးများဖြင့် ဖြစ်စေ၊ အိမ်သုံးဆေးများဖြင့်ဖြစ်စေ ကုသနိုင်သည်။

ဖန်းဂပ်စ်မှို ဆန့်ကျင်သော လိမ်းဆေး (သို့) သောက်ဆေးများဖြင့် သမားရိုးကျ
ကုသလေ့ရှိသည်။ Clotrimazole, Butoconazole Moconazole စသည့် ဖန်းဂပ်စ်မှို ဆန့်ကျင်ဆေးများကို သုံးစွဲနိုင်သည်။ ယိစ်ပိုးဝင်ရောက် စွဲကပ်ခံရမှုအတွက် သားမွေးကြောင်းအတွင်း ထည့်သောဆေးများ (Nystatin , Clotrimazole, Butoconazole Miconazole) ကိုလည်း သုံးနိုင်သည်။ အိမ်သုံးဆေးများအဖြစ် ဒိန်ချဉ်၊ လက်ဖက်ပင်အဆီ၊ ကြက်သွန်ဖြူ၊ ရှလကာရည်၊ အုန်းဆီ၊ သစ်ကြံပိုးဆီတို့ကို သုံးစွဲကြလေ့ရှိသည်။

ကြက်သွန်ဖြူအဆီကို ဗီတာမင် E အဆီနှင့် ရောစပ်သုံးနိုင်သည်။ အုန်းဆီနှင့်
သစ်ကြံပိုးဆီတို့သည် မှိုသေစေနိုင်သော စွမ်းရည်ရှိသဖြင့် အရေပြားကို တိုက်ရိုက်သုတ်
လိမ်းပေးနိုင်သည်။ ရှလကာရည် အရေပြားနှင့် သားမွေးလမ်းကြောင်းကို လိမ်းပေးခြင်းဖြင့် ယိစ်မှိုကပ်မှုကို သက်သာပျောက်ကင်းစေနိုင်သည်။ သားမွေးလမ်းကြောင်း၏ ပီအိပ်ချ် (pH) ဓာတ်ကို မျှတအောင် ဖန်တီးပေးနိုင်သည်။


Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18