မှဲ့ခြောက်
16-Apr-2020
အသားဖြူ တဲ့သူတွေ ဒီလိုဖြစ်တတ်ပါတယ်။
ပုံမှန်က နေရောင်ခြည်နဲ့ ထိတွေ့အပြီးမှာ ခန္ဓာကိုယ်က မယ်လနင်ခေါ် ရောင်ခြယ်ဓာတ်တွေ
ထုတ်ပေးပါတယ်။ အဲဒီ ရောင်ခြယ်ဓာတ်တွေက အရေပြားတောက်လျှောက် ညီညီညာညာ ဖြန့်ကြက်ပြီး
အသားအရောင် ညိုလာပါတယ်။ ဒီလို ညီညီညာညာ မဟုတ်ဘဲ အကွက်လိုက် အကွက်လိုက်
ရောင်ခြယ်ဓာတ်တွေ နေရာတစ်ချို့မှာ သွားစုရင် မှဲ့ခြောက်အညိုကွက်တွေ ဖြစ်တာပါ။
မှဲ့ခြောက် ထွက်တတ်သူတွေဟာ
နေရောင်ခြည်ကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ နေကာနံပါတ်မြင့်တဲ့ နေကာလိမ်းဆေး
အမြဲလိမ်းပေးရမှာပါ။ ရှိပြီးသား မှဲ့ခြောက်တွေကတော့ တဖြည်းဖြည်း အရောင်မှိန်ပြီး
ပျောက်သွားနိုင်ပါတယ်။ ဆရာဝန်နဲ့ ကုသရင်တော့ လိမ်းဆေးများ၊ Chemical peel ခေါ် ဆေးလိမ်းကုသခြင်း၊ Dermabrasion ခေါ် စက်နဲ့ကုသခြင်းတွေနဲ့ ကုသကြပါတယ်။
Credit : ဒေါက်တာစိုးဝင်းဦး
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

