အိမ်မွေးတိရစ္ဆာန်လေးများတွင် မတော်တဆ ထိခိုက်တာကြောင့် ဖြစ်တတ်တဲ့ ကျန်း...
08-May-2017
မတော်တဆထိခိုက်မှုဆိုရာမှာ သူ့ဟာသူ တစ်ယောက်တည်း အပြင်ထွက်ရာကနေ အပြင်ထွက်တဲ့အကျင့် မရှိတဲ့အတွက် ပြင်ပက ကား၊ ဆိုက်ကား၊ စက်ဘီး၊ ဆိုင်ကယ် စတာတွေနဲ့ မတော်တဆ တိုက်မိတာမျိုး၊ ကိုယ့်အိမ်ကကားက အိမ်ပြန်ရောက်လာချိန်မျိုးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သဘာဝအတိုင်း သခင်ကိုကြိုတတ်ကြပြီး ကားနောက်ဆုတ်ချိန်မှာ မမြင်လိုက်ဘဲ တိုက်မိတာမျိုးကိုလည်း မကြာခဏဆိုသလို ဖြစ်တတ်ကြပါတယ်။ နောက်ထပ် မတော်တဆ ဖြစ်နိုင်တာတစ်ခုက လေးလံတဲ့ ပစ္စည်းတစ်ခုခုက ပြုတ်ကျပြီး ပိနေတာမျိုး၊ ဥပမာအနေနဲ့ သစ်သားပြားထောင်ထားတာကို သွားက စရင်းကနေ သစ်သားပြားက ပြုတ်ကျပြီး သူ့ကို ရိုက်လိုက်သလို ဖြစ်သွားတာမျိုး၊ ပိနေတာမျိုး နောက်ပြီး ဆွဲတံခါးနဲ့ သံပန်းတံခါးတွေကြားမှာ ညှပ်မိသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
နောက်တစ်မျိုးဖြစ်တတ်တာက အပြင်ထွက်သွားပြီး တခြားအိမ်မွေးတိရစ္ဆာန်တွေနဲ့ ခိုက်ရန်ဖြစ်ပွား လာတာမျိုး၊ ကြောင်ဆိုးလို့ခေါ်နေကြတဲ့ ဆိုးသွမ်းတဲ့ အကျင့်ရှိတဲ့ ကြောင်ကိုက်ခံရတာ မျိုးတွေကြောင့်လည်း မတော်တဆထိခိုက် ဒဏ်ရာတွေ ရရှိတတ်ပါတယ်။ အိမ်မှာ ကလေးငယ်ရှိသူတွေအနေနဲ့လည်း ကလေးငယ်က ခွေးလေး၊ကြောင်လေးတွေကို ချစ်တာကြောင့် အသည်းယားပြီး ဖြစ်ညှစ်တာမျိုး၊ ကိုင်ပေါက်တာမျိုး၊တုတ်နဲ့လိုက်ရိုက်တာမျိုး၊ အမြင့်တစ်နေရာကနေ ပစ်ချတာမျိုးတွေ ပြုလုပ်တာကြောင့်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေအနေနဲ့ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တတ်ကြပါတယ်။
Credit:
Arogyam magazine, July 2013, Pg.89
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
