အမျိုးသမီးများနှင့် ဆေးလိပ်ငွေ့အန္တရာယ်
10-Apr-2017
အမျိုးသမီးတွေအနေနဲ့ ကိုယ်တိုင်က ဆေးလိပ်မသောက်ပေမယ့် Second Hand Smoker ဖြစ်သွားတာမျိုးကို သတိထားဖို့လိုပါတယ်။ အရင်တုန်းက Passive Smoker လို့ခေါ်ပါတယ်။ ကိုယ်နဲ့ အတူတူနေတဲ့ မိသားစုထဲ၊ လုပ်ငန်းခွင်မှာဆို တစ်ခန်းထဲမှာ တူတူနေတဲ့သူတွေ ကိုယ်တိုင်က ဆေးလိပ် မသောက်ပေမယ့် သောက်တဲ့သူတွေကတစ်ဆင့် ဆေးလိပ်ငွေ့ရှူမိပြီးတာပဲ တော်တော်အန္တရာယ် များလှပါပြီ။ အမျိုးသမီးတွေ ကိုယ်တိုင်ဆေးလိပ်သောက်တဲ့အခါ ကိုယ်ဝန်ဆောင်ဖြစ်ခဲ့ရင် သူ့ကလေးကို တိုက်ရိုက်ထိတွေ့ နိုင်သလိုမျိုးပဲ Second Hand Smoker ကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေ ထိခိုက်နိုင်ပါတယ်။
မွေးလာတဲ့ ကလေးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေ ဖြစ်လာနိုင်ပါတယ်။ ပေါင်ချိန်မပြည့်ဘဲ မွေးဖွားတာတွေ ဖြစ်တတ်တယ်။ အဲဒီအပြင် တချို့မွေးကင်းစ ကလေးတွေမှာဆို ရုတ်တရက် အသက်ရှူလမ်းကြောင်း ပိတ်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါလည်း ဆေးလိပ်ငွေ့ကြောင့် ဖြစ်တာပါ။ ဒါကြောင့် ဆေးလိပ်ငွေ့ဟာ တော်တော်ကို အန္တရာယ်များပြီး ခံတွင်းကျန်းမာရေးအပြင် တခြားကိုယ်တွင်းအင်္ဂါတွေအတွက်လည်း မကောင်းပါဘူး။ ဆေးလိပ်သောက်တဲ့အခါ ကိုယ်တစ်ယောက်တည်းသာမက ကိုယ့်မိသားစုကို ချစ်တယ်၊ သံယောဇဉ်ရှိတယ်၊ မိသားစုနဲ့ အေးအေးချမ်းချမ်းနေချင်တယ်ဆိုရင်တော့ ဆေးလိပ်ကို လုံးဝဖြတ်လိုက်သင့်ပါတယ်။
Credit : Arogyam magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
