အကြားအာရုံထိခိုက်ချို့ယွင်းခြင်း
16-Apr-2017
နားကြပ်များနားထဲထည့်၍ နားထောင်သောအခါ ၉၀decibelထက်ကျော်လွန်ပါက အကြားအာရုံထိခိုက်နိုင်ပါသည်။ ၁၀၀decibelထက်ကျော်၍ ကြာရှည်စွာနားထောင်ပါက လုံးဝနားမကြားတော့သည်အထိ ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်ပါသည်။
နားထဲပိုးဝင်ခြင်း
လူအမျိုးမျိုး၏နားထဲတွင် ဘက်တီးရီးယား ပိုးမျိုးစုံရှိတတ်ပါသည်။ သန့်ရှင်းရေးမလုပ်ပဲ နားကြပ်များကို တစ်ယောက်နှင့်တစ်ယောက် မျှဝေသုံးစွဲပါက ပိုးဝင်တတ်ပါသည်။
လေဝင်ပေါက်မရှိခြင်း
သီချင်းသံ၊ တီးလုံးသံ အပြည့်အဝကြားရရန်အတွက် နားကြပ်များကို လေလုံအောင် ထုတ်လုပ်လာကြသည်နှင့်အမျှ လေဝင်ပေါက်မရှိပဲ လွန်ကြပ်တင်းစွာ နားထဲထည့်သုံးစခြင်းကြောင့် နားထဲရောဂါပိုးပေါက်ဖွားနှုန်း ပိုများလာပါသည်။ ထို့အပြင် နားအညစ်အကြေးပိတ်ဆို့မှုကြောင့် နားလေးခြင်း၊ ချာချာလည်မူးဝေခြင်းများရတတ်သည်။
နားထုံထိုင်းခြင်း
နားကြပ်များအသုံးပြု၍ ကျယ်လောင်စွာနားထောင်ပါက ခဏတစ်ဖြုတ်မှ အချိန်ကြာမြင့်စွာအထိ အကြားအာရုံထုံထိုင်းစေနိုင်ပြီး အချိန်ကလာကြာသော် နားပင်းသည်အထိဖြစ်နိုင်ပါသည်။
နားတွင်းနာကျင်ခြင်း
မြည်နေသံတစ်ခုကို ကြားယောင်၍ နားအူတတ်သလို စူးခနဲနာကျင်တာမျိုးလည်း ဖြစ်လေ့ရှိသည်။
ဦးနှောက်ထိခိုက်စေခြင်း
Earphones/Headphoneတို့မှထွက်သော လျှပ်စစ်သံလိုက်စက်ကွင်းများကြောင့် ဦးနှောက်ကိုထိခိုက်စေနိုင်သောရောဂါများပိုဖြစ်စေကြောင်း ယူဆရပါသည်။
အသက်ဘေးစိုးရိမ်ရသော မတော်တဆဖြစ်မှုများ (Life Threatening Accidents)
နားကြပ်များတပ်ဆင်၍ သွားလာမောင်းနှင်မှုများကြောင့် ယဉ်လမ်းကြောင်းမတော်တဆမနှင့် အသက်ဘေးအန္တရာယ်ကြုံရသော အမှုတွဲများ တစ်ဖြည်းဖြည်း များလာသည်ကိုတွေ့ရပါသည်။
Headphone/Earphoneများအား မည်ကဲ့သို့ အသုံးပြုသင့်သနည်း
• နားထဲထည့်သွင်းရသော အသေးစားနားကြပ် Earphoneများအစား နားအပြင်ဘက်တွင် အုပ်၍တပ်ဆင်နားထောင်ရသော Headphoneများကို ပိုမိုအသုံးပြုသင့်ပါသည်။
• အများနှင့် မျှဝေသုံးစွဲမှုမပြုသင့်ပါ။
• နားကြပ်အား သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးပါ။
• ကျယ်လောင်စွာနားထောင်ခြင်းမှ ရှောင်ကြဉ်ပါ။
• ကားမောင်းနှင်သွားလာနေချိန်၊ လမ်းလျှောက်နေချိန်စသည်တို့တွင် နားကြပ်အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
Credit: Trends n Health
Edited by Dr. Su Nge
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
