Migraine ဆိုတာဘာလဲ
01-Mar-2017
အပြင်းအထန်ခေါင်းကိုက်တတ်တဲ့ဝေဒနာပါ။ ဦးနှောက်ကို ထောက်ပံ့တဲ့ သွေးကြောတွေ မူမမှန်ဖြစ်ပြီး ခေါင်းကိုက်တတ်တယ်လို့ ဆိုပါတယ်။ မကြာခဏခေါင်းကိုက်တတ်ပြီးခေါင်းတစ်ခြမ်းပဲ ကိုက်လေ့ရှိတယ်။ အမြင်အာရုံနဲ့၊ အစာအိမ် အူလမ်းကြောင်း ပြဿနာတစ်ခုခုနဲ့ အတူတွဲဖြစ်လေ့ရှိပြီး အသက် ၄၀ ကျော်တွေမှာ တွေ့ရများပါတယ်။ လူ ၁၀ယောက်မှာ ၂ ယောက်လောက် ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ Migraine ဟာ
ချောကလက် နဲ့ ဒိန်ခဲလိုမျိုး အစားအသောက်တွေ စားပြီးတဲ့အခါမျိုး၊ ဆူည့ံသံတွေ၊ အလင်းရောင် စူးစူးတွေကို ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း ပေါ်လာတတ်တယ်။ နောက်ပြီး ရာသီမလာခင်မှာလည်း Migraine ဖြစ်တတ်တာကို သတိပြုရပါမယ်။
တချို့သော မိုင်ဂရိန်းဝေဒနာသည်တွေဟာ ခေါင်းမကိုက်ခင် အချိန်ပိုင်းအတွင်းမှာ ကြိုတင်ပြီး သိရှိနိုင်ကြပါတယ်။ ခေါင်းကိုက်ခါနီတိုင်း တစ်စုံတရာကို အာရုံခံမိပြီး ကြိုတင် သိနိုင်ပါတယ်။ (ဥပမာ - ထူးဆန်းတဲ့ အနံ့တစ်မျိုးရတတ်ခြင်း) အဲဒါမျိုးကို Aura ရတယ်လို့ ဆိုပါတယ်။
Migraine မှာ ခေါင်းကိုက်တဲ့အခါ ခေါင်းတစ်ခြမ်းပဲ ကိုက်တတ်သလား။
အများစုကတော့ ခေါင်းတစ်ခြမ်းပဲ ကိုက်တတ်ပါတယ်။ Migraine ဝေဒနာသည် ၁၀ ယောက်မှ ၇ ယောက်လောက်က ခေါင်းတစ်ခြမ်းသာ အမြဲကိုက်တတ်ပါတယ်။
Credit:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
