ကွမ်းစားခြင်း
01-Mar-2017
မြန်မာနိုင်ငံတွင် ကွမ်းစားသောလူများ အများအပြားရှိသောကြောင့် ကွမ်းစားခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဗဟုသုတများ၊ ကောင်းကျိုးဆိုးကျိုးများကို ဖော်ပြချင်ပါတယ်။
- ကွမ်းသီးသည် ကွမ်းပင်မှရရှိပြီး အများအားဖြင့် ကွမ်းစားခြင်း ကွမ်းယာဝါးခြင်းကို မအိပ်ချင်အောင်၊ ခံတွင်းအနံ့မနံအောင် စသဖြင့်အကြောင်းရင်းများကြောင့် စားသုံးလေ့ရှိတတ်ကြသည်။
- ကွမ်းသီးတွင် သဘာဝမှဖြစ်သော အယ်ကာလွိုက် natural alkaloids ဓာတ်များပါဝင်ပြီး ထိုမှတစ်ဆင့် Adrenaline ဓာတ်ဖြစ်ကာ စိတ်ကိုတက်ကြွစေပြီး နေလို့ကောင်းစေသည်။ ရိုးရာအနေဖြင့်လည်း ကွမ်းယာဝါးခြင်းဖြင့် ခံတွင်းခြောက်ခြင်းနှင့် အူလမ်းကြောင်းပြဿနာများကို သက်သာစေမည်ဟု ယုံကြည်လေ့ရှိကြသည်။ လေ့လာတွေ့ရှိချက်များအရ ကွမ်းစားခြင်းဖြင့် ယောင်ယမ်းခြင်းများသက်သာစေခြင်းနှင့် အချို့သောကင်ဆာရောဂါများကို တိုက်ထုတ်ပေးနိုင်သည်ဟုလည်း ပြောကြသည်။
ကွမ်းစားခြင်းဖြင့် ကွမ်းကို စွဲလမ်းစေသောဓာတ်များပါဝင်သောကြောင့် ကောင်းကျိုးထက်စာရင် ဆိုးကျိုးပိုများသည်။
ကွမ်းယာစားခြင်း၏ ဆိုးကျိုးများအနေဖြင့်
- ခံတွင်းကင်ဆာ၊ အစာမျိုပြွန်လမ်းကြောင်းကင်ဆာများဖြစ်စေခြင်း
- oral submucous fibrosis ပါးစောင်ရဲ့အတွင်းလွှာမှာ အလုံးအကျိတ်ဖြစ်ခြင်း
- သွားပေါက်နာဖြစ်ခြင်း
- သွားပိုးစားခြင်း၊ သွားအလွှာများကို ပျက်စီးစေခြင်း
- နှုတ်ခမ်း၊သွားနှင့်သွားဖုံးများကို အရောင်စွန်းစေခြင်း
- နှလုံးနှင့်သွေးကြောရောဂါများဖြစ်စေခြင်း၊ ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်မှုကို ပျက်စီးစေခြင်း၊ အဝလွန်စေခြင်း
- အခြားအစားအစာများ ဆေးများနှင့်မတည့်သောအခါ အဆိပ်ဖြစ်စေခြင်း
- ဆေးများ၏ အာနိသင်ကို လျော့ကျစေခြင်း
- ကွမ်းကိုစွဲလမ်းစေခြင်း
- ရုတ်တရက် ကွမ်းစားခြင်းရပ်လိုုက်ပါက လက္ခဏာများဖြစ်ပေါ်လာခြင်း
- မျိုးဆက်ပွားပြဿနာ ( မွေးဖွားလာသောကလေးတွင် ပေါင်မပြည့်ခြင်း)
- ကွမ်းတံတွေးသည် ပတ်ဝန်းကျင်ကိုညစ်ပေစေခြင်း
အထက်ပါအကြောင်းရင်းများကြောင့် U.S ရှိ Food and Drug Administration (FDA) အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာနမှ ကွင်းကို မဝါးသင့်မစားသင့်သော စာရင်းထည့်ထားသည်။ ထို့ပြင် အဆိပ်ဖြစ်စေသော အပင်များအနေနှင့်လည်းသတ်မှတ်ထားသည်။ Centers for Disease Control and Prevention (CDC) ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ခြင်းဌာနမှလည်း ကွမ်းစားခြင်းကြောင့်ဖြစ်စေသော ရောဂါများကို ထုတ်ပြန်ထားသည်။
ကွမ်းစားခြင်းဖြင့် ကောင်းကျိုးထက်စာရင် ဆိုးကျိုးပိုများသောကြောင့် အခုကစပြီးတတ်နိုင်သမျှ ကွမ်းစားတာကိုလျှော့ကြရန်တိုက်တွန်းလိုက်ရပါတယ်။
" ကိုယ်ကျန်းမာ၍ ပတ်ဝန်းကျင်လှပသန့်ရှင်းဖို့ ကွမ်းစားခြင်းရပ်တန့်ကြပါစို့ " ကျန်းမာလှပသောနေ့ရက်များကို ပိုင်ဆိုုင်ကြပါစေရှင်။
Writer - Dr.Greenbud
Credit - Healthline ( How Dangerous Is Betel Nut?)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
