လေပွကာ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း
01-Mar-2017
ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း အကြောင်းအရင်းမှာ များစွာရှိနိုင်သည်။လူတိုင်သည် ပုံမှန် စားနေကျ အစားအသောက်များ မဟုတ်ဘဲ အပြင် အစားအစာ စားမိခြင်း၊ မတည့်သော အစာများ စားမိခြင်း၊ ထမင်းစားနေစဉ် ထမင်းကို ကောင်းကောင်း အားရုံစိုက်၍ မစားဘဲ စကားပြော၍ စားခြင်း၊ ထိုအခါ လေသည် ဗိုက်ထဲသို့ ဝင်ရောက်၍ အစာအိမ်ထဲ တွင် လေပွခြင်းကို ဖြစ်ပေါ်စေသည်။နှာခေါင်းနှင့် အသက်မရှူဘဲ ပါးစပ်နှင့် အသက်ရှူ သူများသည် အစာအိမ်လမ်းကြောင်းထဲသို့ လေဝင်ရောက်ရန် ပိုမို လွယ်ကူစေမည်။ ထိုအခါ လေပွကာ ဝမ်းဖောဝမ်းရောင် ဖြစ်စေနိုင်သည်။
ဝမ်းဖောဝမ်းရောင်ဖြစ်ပါက အစာအိမ်ရောင်ဖြစ်ပါက အစာအိမ်ရောင်ရမ်းခြင်း ၊အူမကြီး ရောဂါ၊သည်းခြေကျောက်တည်ခြင်း၊အစာချေစနစ် ပျက်စီးခြင်း၊ အစာမချေနိုင်ခြင်း ၊ဝမ်းကိုက်ရောဂါ စသော ရောဂါများ နောက်ဆက်တွဲ ဖြစ်ပွားနိုင်သည်။
ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း၏ ရောဂါလက္ခဏာများမှာ -
ဗိုက်အောင့်ခြင်း၊ဗိုက်နာခြင်း၊လေထိုးခြင်း၊လေပွခြင်း၊ဝမ်းလျှောခြင်း၊မကြာခဏ ကြို့ထိုးခြင်း ၊အားကုန်၍ ပင်ပန်းခြင်းတို့ ဖြစ်သည်။
လိုအပ်သောဓာတ်များ
ဝမ်းဖောဝမ်းရောင် ဖြစ်သူများသည် ဗီတာမင် အေ၊ဗီတာမင် ဘီ၊ ဗီတာမင် ဒီ၊ ဗီတာမင်အီးဓာတ်တို့ လိုအပ်ပါသည်။
Credit : China Magazine , ယမုံအေး ( စမ်းချောင်း )
Page 81 , No.111 , Health For All , April 2016
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
