မျက်ခွံဖောင်းအစ်ခြင်း
01-Mar-2017
မျက်ခွံဖောင်းအက်ခြင်းသည် အောက်ပါအကြောင်းအရာများကြောင့် အများဆုံး ဖြစ်နိုင် ပါသည်။ ၎င်းတို့မှာ -
၁။ အိပ်ရေးမဝခြင်း
၂။ စိတ်ဖိစီးမှုဖြစ်ခြင်း
၃။ အစာအာဟာရ မပြည့်ဝခြင်း
၄။ မျိုးရိုးလိုက်ခြင်း
၅။ ငိုယိုခြင်းနှင့်
၆။ ဓာတ်မတည့်မှုဖြစ်ခြင်းတို့ ဖြစ်ပါသည်။
ကုသနည်းများ
၁။ သွေးလည်ပတ်မှု ကောင်းစေရန် ရေကို ယခင်ကထက် ပို၍သောက်သုံးပေးပါ။
၂။ ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်းကို ရပ်ပစ်ပါ။
၃။ အိပ်ရေးပျက်လျှင် အစားထိုး၍ နောက်တစ်နေ့၌ အချိန်ပို၍ အိပ်ပေးပါ။
၄။ အာလူးစိတ် သို့မဟုတ် သခွားသီးအချပ် ကလေးများကို မျက်ချွံပေါ် ကပ်ပေးထားပါ။
၅။ ခေါင်းအုံး ခပ်မြင့်မြင့်ဖြင့် အိပ်ပေးပါ။
၆။ သတ္တုဇွန်း တစ်ချောင်းကို ရေခဲရည်တွင် စိမ်ထားပြီး ၎င်းဇွန်းဖြင့် မျက်ခွံပေးဖိကပ်ပေးထားပါ။
၇။ အေးမြသန့်စင်သော ရေထဲတွင် မျက်လုံးကို နှစ်၍ ဖွင့်ကာပိတ်ကာဖြင့် ပြုလုပ်ပေးပါ။
၈။ နှင်းဆီရည်ထဲတွင် ဝါဂွမ်းစတစ်ခုကို စိမ်၍ များလုံးအိမ်ပေါ် တင်ပေးထားပါ။
ရှောင်ရန်
၁။ မျက်စိကို ပွတ်ခြင်းသည် မျက်စိနီရဲခြင်းနှင့် ယားယံခြင်းတို့ ဖြစ်စေနိုင်သည့်အတွက် မျက်လုံးကို လက်ဖြင့် တအားမပွတ်ပါနှင့်။
၂။ အငန်များသော အစာများ၊ အရက်နှင့် ကော်ဖီတို့ကို ရှောင်ကြဉ်ပါ။ တတ်နိုင်လျှင် လုံးဝမစားသောက်မိပါစေနှင့်။
၃။ မျက်ဝန်းတွင် လိမ်းခြယ်ရသည့် eyeliner, eyeshadow ကဲ့သို့သော အလှကုန်များ လိမ်းခြယ်မိ၍ မျက်စိယားယံခြင်း၊ နီရဲဲခြင်း ဖြစ်လာပါက ၎င်းတို့ကို ဖျက်ပစ်၍ မျက်စိကို ရေအေးဖြင့် ဆေးကြောပေးပါ။
Credit:
ဧကမ္ဘာ
Health for all magazine, January 2016, Pg. 118
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
