မိုဘိုင်းလ်ဖုန်းကြာကြာ အသုံးပြုသူများ မျိုးအောင်စွမ်းလျော့ကျနိုင်
21-Oct-2019
တစ်နေ့ကို အချိန်လေးနာရီကြာအောင် မိုဘိုင်းဖုန်း ကိုင်ဆောင်တဲ့ အမျိုးသားတွေဟာ နှစ်နာရီလောက်သာ အသုံးပြုသူတွေထက် မျိုးအောင်နိုင်စွမ်း လျော့ကျနိုင်ခြေ
ပိုများတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုပြုလုပ်ရာမှာပန်းသေပန်းညှိုး ရောဂါရှိတဲ့ အမျိုးသားအယောက် ၂၀ တစ်အုပ်စုနဲ့ ကျန်းမာတဲ့အမျိုးသား ၁၀ ယောက် တစ်အုပ်စုခွဲပြီး မိုဘိုင်းဖုန်း အသုံးပြုမှုကို
မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအုပ်စုနှစ်စုရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊
အရပ်အမြင့်၊ဆေးလိပ်သောက်တဲ့အကျင့်တွေမှာ သိသိသာသာ ကွာခြားမှု မရှိဘူးလို့ သုတေသီ
တွေက ဆိုပါတယ်။ ဒီအယောက် ၃၀ လုံးက မိုဘိုင်းဖုန်းကို သုံးစွဲသူများဖြစ်ကြပြီး
မိုဘိုင်းဖုန်းသုံးစွဲချိန်ကို အုပ်စုနှစ်စု ခွဲလိုက်ရာမှာ ပန်းသေပန်းညှိုးရှိတဲ့
အုပ်စုဝင်တွေက မိုဘိုင်းဖုန်းကို ကြာရှည်စွာ သုံးစွဲသူတွေဖြစ်တယ်လို့
တွေ့ရှိခဲ့ပါတယ်။ တစ်နေ့ကိုလေးနာရီကျော်ကြာ မိုဘိုင်းဖုန်းအသုံးပြုသူတွေရဲ့သုက်ပိုး အရေအတွက်က အနိမ့်ကျဆုံးဖြစ်ပြီး အရည်အသွေးလည်း ညံ့ဖျင်းတယ်လို့ သုတေသီတွေက ထပ်မံထုတ်ဖော်လိုက်ပါတယ်။
Credit : Arogyam magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
