ကားမူးခြင်း
01-Mar-2017
ကားမူးခြင်း(Motion Sickness) သုံးမျိုးရှိသည်။ ပထမတစ်မျိုးက ရွေ့လျားမှုကို ခံစားရပြီး မမြင်ရ၍ဖြစ်ရသည်။ ဥပမာ- ကားမူး၊ လေယာဉ်မူး၊ လှိုင်းမူး၊ ချားရဟတ်စီး၍ မူးခြင်း။ဒုတိယတစ်မျိုးက ရွေ့လျားမှုကို မြင်ရပြီး မခံစားရသော အခြေအနေဖြစ်သည်။ (ပထမအမျိုးနှင့် ပြောင်းပြန်) ဥပမာ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ 3D ရုပ်ရှင်ကြည့်ခြင်းမျိုး၊ အာကာသမှာမူးခြင်း။ နောက်ဆုံးတစ်မျိုးကတော့ ရွေ့လျားမှန်းမြင်လည်းမြင်၊ ခံစားလည်း ခံစားလျက်နှင့်ပင် အမြင်နှင့် ခံစားမှုလိုက်လျောညီထွေမရှိ၍ Motion Sickness ရခြင်းဖြစ်သည်။
ဥပမာတစ်ခုပြရလျှင် လမ်းမကောင်းသောအခါမျိုးတွင်ဖြစ်သည်။ ကားကခုန်ဆောင့်လွန်းတော့ အတွင်းနားက အလွန်လှုပ်ရှားသည်ဟု အကြောင်းကြားသည်။ ကားမမူးအောင်၊ မအန်အောင် ကြိုတင်သောက်ရသော ဆေးများရှိသည်။ ဆရာဝန်နှင့် တိုင်ပင်ပါဟု ဆိုချင်ပါသည်။ ဆေးနှင့်ပတ်သက်၍ အကြမ်းဖျင်းအချက်နှစ်ချက် ပြောချင်ပါသည်။
(၁) အအန်သက်သာစေသော ဆေးအတော်များများသည် Motion Sickness မှာ အသုံးမတည့်။
(၂) အလွယ်တကူ ကားဂိတ်မှာ လာရောင်းသော ဆေးများသည် အကျိုးမရှိဖို့ များပါသည်။
ခရီးသွားတိုင်း ပြုမူနေထိုင်သင့်သော အပြုအမူတွေရှိသည်။ အပြင်ကိုကြည့်ပါ။ ဘာမှမမြင်ရရင်တော့ မျက်စိမှိတ်ထားပါ။ အဆင်ပြေလျှင် တစ်မှေးအိပ်ပျော်အောင် ကြိုးစားပါ။ ပီကေဝါးခြင်း၊ ချိုချဉ်စုပ်ခြင်းဖြင့်လည်း သက်သာစေနိုင်သည်။ လေကောင်းလေသန့်လည်း အရေးပါသည်။ မူးတတ်သော ခရီးသွားအတွက် ဓာတ်စာကတော့ ဂျင်း (Ginger) ပါ။ ဂျင်းဟာ အစာအိမ်ရဲ့ အောက်ထွက်ပေါက်က ကြွက်သားကို လျှော့ပေးပါ
သတဲ့။ သည်တော့ အစားအစာဟာ အစာအိမ်ထဲ စုပြုံမနေပါ။ မအန်တော့ပါ။ ချက်ကိုပလာစတာကပ်ခြင်းသည် အကျိုးရှိသည်ဟု ကားဆရာရော၊ ခရီးသွားများကပါ အခိုင်အမာ ဆိုကြသော်လည်း အကျိုးပြုပုံနည်းလမ်း (mode Action) ကိုမူ လေ့လာရှာဖွေနေဆဲဖြစ်သည်။
Credit:
Arogyam magazine, December 2013, Pg.180
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
