မိုဘိုင်း (လ်) ဖုန်း အသုံးပြုခြင်းသည် ဦးနှောက်ကင်ဆာနဲ့ မသက်ဆိုင်ကြောင်...
01-Mar-2017
မိုဘိုင်း(လ်) ဖုန်းအသုံးပြုသူများသည် အဖြစ်များသော ဦးနှောက်ကင်ဆာအဖုအကျိတ် ကြီးထွားမှုအန္တရာယ် တိုးပွားဖြစ်ပေါ်မှုနှင့် မသက်ဆိုင်ကြောင်း လန်ဒန်မြို့ ကင်ဆာသုတေသန ဌာနမှ သိပ္ပံပညာရှင်များက လေးနှစ်ကြာ လေ့လာမှု အပြီး တွေ့ရှိခဲ့ကြသည်။ လေ့လာမှုတွင် ဦးနှောက်တွင်း အဖုအကျိတ်သည် ဆဲလ်ဖုန်းအသုံးပြုမှုနှင့် မသက်ဆိုင်ကြောင်း ထပ်မံသိရှိခဲ့ကြရသည်။
မိမိတို့သည် မိုဘိုင်း(လ်)ဖုန်း အသုံးပြုမှုတွင် စတင်အသုံးပြုပုံ၊ ကြာရှည်စွာ အသုံးပြုပုံ၊ စုစုပေါင်းအသုံးပြုမှု အကြိမ်များကို ထည့်သွင်း လေ့လာခဲ့ကြကြောင်း၊ လိဒ်(စ်) တက္ကသိုလ်မှ prof. patricia McKinne က ဗြိတိသျှဆေးပညာဂျာနယ်တွင် တင်ပြခဲ့သည်။ သူမက တွေ့ရှိမှု ရလာဒ်သည် အမေရိကန်နှင့် ဥရောပမှ လေ့လာမှုများ၏ တွေ့ရှိမှုနှင့် လိုက်လျောညီထွေးရှိကြောင်း ပြောကြားသည်။ ကင်ဆာ သုတေသနဌာနမှ ပူးတွဲအစီရင်ခံသူ Anthony Swerdlow က လေ့လာမှုသည် လွန်စွာကြီးမားခဲ့ကြောင်းနှင့် နိုင်ငံ ၁၃ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာတစ်လွှား လွန်ခဲ့သည့်ဆယ်ခုနှစ် နှစ်ခုအတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုမှု များပြားလာသော်လည်း ကျန်းမာရေးပြဿနာဖြစ်ကြသည့် ခေါင်းကိုက်ခြင်းမှသည် ဦးနှောက်ကင်ဆာ အဖုအကျိတ်ဖြစ်မှုနှင့် နှီးနွှယ်သော သက်သေပြချက် ခိုင်လုံစွာ မရှိကြောင်းသိရသည်။ ဦးနှောက်ကင်ဆာရောဂါ ဖြစ်မှုသည် ဗြိတိန်တွင် ၄၀၀၀ ကျော်နှင့် အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၀၀ ကျော် နှစ်စဉ်ဖြစ်ပွားနေသည်။
ရှေးတုန်းက မိုဘိုင်းလ်ဖုန်းများသည် အနာလော့ ဆက်သွယ်ရေး အသုံးပြုပြီး ယင်းတို့သည် နောက်ပိုင်း ဒီဂျစ်တယ်ပုံစံများထက် မြင့်မားသော လျှပ်စစ်ပါ၀ါ ဆက်သွယ်ရေး ထုတ်လွှတ်သည့် မိုဘိုင်းလ်ဖုန်းများကြောင့် ကျန်းမာရေးအန္တရာယ် ရှိသည်ဆိုပါလျှင်လည်း ရှေးက ပုံစံများကြောင့် ဖြစ်နိုင်သော်လည်း သိပ္ပံပညာရှင်များအနေဖြင့် သက်သေပြချက်များ မတွေ့ရှိခဲ့ကြရပါ။ လေ့လာမှုတွင် ဦးနှောက်တွင်း အဖုအကျိတ်ဖြစ်နေသူ ၉၆၆ ဦးနှင့် ကျန်းမာသောသူ ၁၇၁၆ ဦးတို့အား ယင်းတို့အနေနဲ့ မိုဘိုင်း(လ်)ဖုန်း မည်မျှလောက် ကြာရှည်စွာ အသုံးပြုခဲ့ကြောင်း၊ မိုဘိုင်းလ်ဖုန်းခေါ်ဆိုမှု အကြိမ်မည်မျှ ခေါ်ဆိုပြီး အချိန်ကြာကြာ ပြောဆိုမှုများကို မေးမြန်းလေ့လာခဲ့သည်။
Credit:
မျိူးအောင်ဆွေ (ဆေး/သု)
Health for all magazine, November 2016
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
