ပန်းသေပန်းညိုးရောဂါ ဆေးလိပ်သောက်သူများတွင် အဖြစ်များ
01-Mar-2017
လေ့လာမှုအရ တစ်နေ့လျှင် စီးကရက်အလိပ် ၂၀ နှင့် အထက်သောက်သူ အမျိုးသမီးများသည် ဆေးလိပ်၊ စီးကရက် မသောက်သူထက် ပန်းသေပန်းညိုးရောဂါ ဖြစ်နိုင်မှု၄၀ ရာခိုင်နှုန်းနီးပါး ရှိကြောင်း သိရှိရသည်။ သုတေသီများအနေဖြင့် သောက်သုံးသောစီးကရက်အရေအတွက်နှင့် အဓိကဆက်နွှယ်နေမှု အမျိုးသားလိင်အင်္ဂါရာဂစိတ်ကြောင့်ထောင်မတ်လာနိုင်မှု ခက်ခဲခြင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
အသက် ၁၆ နှစ်နှင့် ၅၉ နှစ်ကြား သြစတြလျ အမျိုးသားဦးရေ ၈၀၀၀ ကျော်ကို မေးမြန်းခြင်းဖြင့် စစ်ဆေးခဲ့ရာ ယမန်နှစ်အတွင်း ယင်းတို့သည် လိင်စိတ်နိုးကြားထကြွ၍ လိင်အင်္ဂါ ကြီးထွားမာတောင့်မှုတွင် ပြဿနာများ ကြုံတွေ့ခဲ့ကြကြောင်း၊ အမျိုးသား ၁၀ ဦးတွင် တစ်ဦးခန့်က
သူတို့သည် ပြီးခဲ့သည့် လလောက်အထိ လိင်အင်္ဂါတောင့်မတ်မှု ပြဿနာ ကြုံတွေ့ရတုန်းဖြစ်ကြောင်း ပြောကြားသည်။
ဆေးလိပ်၊ စီးကရက်သောက်သူများနှင့် နှိုင်းယှဉ်ကြည့်ရာတွင် တစ်နေ့လျှင် စီးကရက်အလိပ် ၂၀ နှင့် အောက်ရှိ သောက်သုံးသူများသည် လိင်အင်္ဂါ ထောင်မတ်မှုပြဿနာ ကြုံတွေ့ရခြင်း ၂၄ နာရီနှုန်းရှိကြောင်း လေ့လာမှုအရ တွေ့ရှိရသည်။ သို့သော် တစ်နေ့လျှင် စီးကရက်
တစ်ဘူးနှင့် အထက်သောက်သူများတွင် ဤရောဂါဖြစ်မှု ၃၉ ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း တွေ့ရှိရသည်။ သို့အတွက် ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစေကြောင်း သတိပြုရမည်ဖြစ်သည်။
Credit:
သက်တန့်ချို
Health for all magazine,May 2015, Pg. 50
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
