စပျစ်သီး
12-Aug-2019
စပျစ်သီးက လူတွေအကြိုက်နှစ်သက်ဆုံး အသီးမျိုးထဲပါပဲ။ အာဟာရဗေဒပညာရှင်များရဲ့
ခွဲခြမ်းစိတ်ဖျာမှုအရ စပျစ်သီး (ဂရမ် ၁ဝဝ ၆.၂ ကျပ်သား) တိုင်းမှာ ရေဓာတ် ၈၇.၉ ဂရမ်၊
ပရိုတင်း ဝ.၄ ဂရမ်၊ အဆီ ဝ.၆ ဂရမ်၊ ကစီဓာတ် ၈.၂ ဂရမ်၊ ဖိုင်ဘာမျှင်အကြမ်း ၂.၆ ဂရမ်၊
ထုံးဓာတ် ၄.ဝ မီလီဂရမ်၊ မီးစုန်းဓာတ် ၇.ဝ မီလီဂရမ်၊ သံဓာတ် ဝ.၈ မီလီဂရမ်တို့ အပြင်
ကယ်ရိုတင်း၊ ဗီတာမင်ဘီဝမ်း၊ ဘီတူး၊ စီ၊ ဗီတာမင်ပီ (P1) ဗီတာမင်ပီပီ (PP)
စတာတွေလည်း ပါဝင်သေးတယ်။ ဒါ့အပြင် လူ့ခန္ဓာက မုချလိုအပ်တဲ့ အမိုင်နိုအက်စစ်
ဆယ်မျိုးကော်နဲ့ တာတာရစ်အက်စစ် (Tartaric Acid) များများစားစား ပါဝင်သေတယ်။
ဒါကြောင့် စပျစ်သီစားရင် အာရုံကြောအားနည်းတာနဲ့ ပန်းလျနွမ်းနယ်မှုတွေအတွက်
အလွန်အကျိုးပြုပါတယ်။ စပျစ်ဝိုင်မှာ အမိုင်နိုအက်စစ် ဆယ်မျိုးကျော်ပါဝင်တဲ့အပြင်
ဗီတာမင်ပီတို့ ပါဝင်တယ်။ အရသာချိုတယ်။ အသားအရေ စိုပြေစေတယ်။ လန်းဆန်းစေတယ်၊ အဟာရဖြည့်စွက်တယ်။
နေ့စဉ် အနည်းအကျဉ်းသောက်ရင် သွေးလည်ပတ်မှု ကောင်းစေတယ်။ အစာအိမ် အားကောင်းစေပြီး အစာကြေစေတယ်၊
စိတ်ကြည်လင်စေတယ်လို့ဆိုပါတယ်။
Credit : မောင်မောင်လှိုင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
