မျက်စိကိုက်ရတဲ့ အကြောင်းအရင်း
01-Aug-2019
မျက်စိကိုက်ရတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒီပြဿနာဟာ ဆရာတို့
မျက်စိအထူးကု ဆရာဝန်တွေ နေ့တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ မျက်စိကိုက်တာက
တကယ်ရောဂါမရှိဘဲ Strain ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်ရောဂါရှိပြီးတော့ မျက်စိကိုက်တာလဲ
ဖြစ်နိုင်ပါတယ်။
ရောဂါကြောင့် မျက်စိကိုက်တဲ့အခြေအနေ
ရောဂါကြောင့် မျက်စိကိုက်ရတယ်ဆိုရင် ရနိုင်တဲ့ ရောဂါတွေက
ရေတိမ်ရောဂါ (Glaucoma)၊ မျက်ကြည်လွှာရောဂါ (Corneal Disease) နဲ့ Intraocular
Disease တွေကြောင့် ဖြစ်တတ်ပါတယ်။
ရောဂါကြောင့်မဟုတ်ဘဲ မျက်စိကိုက်ရတဲ့အခြေအနေ
ရောဂါမရှိဘဲ မျက်စိကိုက်တတ်တဲ့ အခြေအနေတွေကတော့ -
(၁) မျက်နှာပြင်နာကျင်ကိုက်ခဲခြင်း (Facial Pain)
မျက်လုံးက မျက်နှာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက်
မျက်နှာနာကျင်မှုဖြစ်ရင် Referred Pain အနေနဲ့ မျက်စိကိုက်ခဲမှု ဖြစ်တတ်ပါတယ်။ ဆိုလိုတာက
ထိပ်ကပ်နာ (Sinusitis) ဖြစ်ရင် လူနာက မျက်စိနာတယ်လို့ ထင်ကြပါတယ်။ Trigeminal
Neuralgia ဆိုတဲ့ Trigeminal Nerve တွေ နာကျင်ရင်လည်း မျက်စိနာတယ်လို့ ထင်တတ်ပါတယ်။
နောက်တစ်ခုက သွားကိုက်ရင်လည်း မျက်စိကိုက်တတ်တယ်လို့ ထင်တတ်ကြပါတယ်။
(၂) ခေါင်းကိုက်ခြင်း (Headache)
ခေါင်းကိုက်ရင်လည်း မျက်စိကိုက်တယ်လို့ တချို့လူတွေက ပြောကြပါတယ်။
ခေါင်းကိုက်တာကိုမသိဘဲ မျက်စိကိုက်တယ်လို့ ထင်ကြတဲ့လူနာတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့
ခေါင်းတစ်ခြမ်း ကိုက်တဲ့ရောဂါ (Migrain) ကြောင့်လည်း မျက်စိနာတယ်လို့ တချို့ကထင်ကြပါတယ်။
(၃) စိတ်ပိုင်းဆိုင်ရာအခြေအနေ
ဘာရောဂါမှမရှိဘဲ ဇက်ကြောတက်၊ ခေါင်းကိုက်တဲ့ Strain ကြောင့်လည်း
မျက်စိကိုက်တယ်လို့ ထင်ကြပါတယ်။
Credit : ပါမောက္ခဦးတင်ဝင်း
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
