ဦးနှောက်အကြောတက်ရောဂါ
01-Mar-2017
အများသိကြတဲ့ အကြောတက်ရောဂါဆိုသည်မှာ ခန္ဓာကိုယ်ပေါ်မှာနာတဲ့၊ ကိုက်တဲ့ နေရာတွေများပြီး တကယ်ရောင်တဲ့ အဆစ်တော့ မရှိပါဘူး။ အဓိကလက္ခဏာ ၃ခုက လည်ပင်း ၊ပုခုံး ၊ လက်ပြင်၊ ကျော၊ ပေါင်၊ ခြေသလုံးစသည့် နေရာတွေမှာ နာနေတာ အနည်းဆုံး ၃လ ကျော် ကြာရပါမယ်။ လက်မနဲ့နှိပ်ကြည့်ရင်တော့ နာတဲ့နေရာ( Tender Point ) ၅ နေရာထက် ပိုရှိပါတယ်။
ဓာတ်ခွဲခန်းမှာ သွေးစစ်ကြည့်ရင်လည်း ရောင်ရမ်းမှုကိုပြတဲ့ သွေးပျစ်နှုန်း ( ESR,CRP) နဲ့ လေးဖက်နာဓာတ်(RF,ANA) စတာတွေ မရှိရပါဘူး။ တစ်ချိန်တည်းမှာပင် တွဲဖက်လက္ခဏာ အနေနဲ့ တွေ့ရှိတတ်တာတွေကတော့ စိတ်ပူနေတတ်တာ၊ နုံးတာ၊ အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ အစာစားရင် ရင်ဝမှာ တစ်ဆို့ဆို့ ခံနေသလိုဖြစ်တာ၊ အစာဝင်ရင် ဝမ်းသွားချင်သလိုဖြစ်ပြီးအိမ်သာရှာရတာ၊ ခြေထောက်တွေ ရောင်နေတယ်၊ ထုံနေတယ်လို့ ထင်ရတာ။ တင်းတဲ့နေရာကို လက်နဲ့ဖိလိုက်ရင် “ ဂေ့” ဆိုပြီးလေချဉ်တက်တာတွေ ဖြစ်တတ်ပါတယ်။
အဓိကလက္ခဏာ ၃ခုနဲ့ တွဲဖက်လက္ခဏာ ၃ ခုရှိရင် အကြောတက် ရောဂါလို့ သတ်မှတ်လို ့ရပါတယ်။သူ့ရဲ့ အဓိကပြဿနာက အိပ်ရေးမဝတာက စပါတယ်။ အလုပ်များလွန်းလို့ တစ်နေ့ ၆နာရီပြည့်အောင် မအိပ်ရတော့ဘူးဆိုရင် ခန္ဓာကိုယ်က ကောင်းကောင်း အနားမရတော့ပါဘူး။
အချို့ကျတော့လည်း အိပ်ရာထဲ ဝင်သွားချိန်ကတော့ ၆ နာရီမကပါဘူး။ဒါပေမဲ့ ဟိုတွေး ၊ ဒီတွေးနဲ့ အိပ်မပျော်တာတွေရှိပါတယ်။ တချို့ကျတော့လည်း အိပ်တော့ပျော်သွားပါတယ်၊ မသိစိတ်က အိပ်မက်ထဲမှာ အလုပ်လုပ်နေတတ်ပါတယ်။ ဒီတော့ ကြွက်သားနဲ့ အရိုးဆက်တဲ့ နေရာတွေက ညမှာပျော့ကျ အနားရမသွားဘဲ တောက်လျှောက် အလုပ်လုပ်နေပြီး မနက်ကျတော့ တစ်ကိုယ်လုံး ကိုက်ခဲတောင့်တင်းနေတာပါ။ ကား အကြာကြီးမောင်းပြီးရင် ခြေသလုံးတွေ၊ လက်မောင်းတွေ လက်အံသေပြီးကိုက်သလိုပါပဲ။ ခန္ဓာကိုယ် ကြွက်သားတွေကတစ်ညလုံးတောင့်ထားတော့ မနက်ဆိုရင် ကိုက်တာ၊ နာတာ၊ ကိုယ်တွင်းကြွက်သားတွေဖြစ်တဲ့ အူတွေကပါ အစာမကြေသလို၊ အောင်သလို၊လေချဉ်တက်သလို ဖြစ်လာတာပါ။
Credit :ပါမောက္ခ ဦးချစ်စိုး (Page 19 )
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
