အရေပြား (သို့) ပြန်ရည်ဖု တီဘီဖြစ်ခြင်း (Tuberculosis of the skin or ly...
14-Jul-2019
အဆုတ်ကို တီဘီဖြစ်စေသည့် ရောဂါပိုးတစ်မျိုးတည်းကပင် တစ်ခါတစ်ရံ အရေပြား
တီဘီဖြစ်စေသည်။ ၎င်းသည် နာကျင်မှုမရှိပေ။ အရေပြားတီဘီသည် တဖြည်းဖြည်း
လများစွာကြာသည်အထိ ဖြစ်တတ်ပြီး လ (သို့) နှစ်နှင့်ချီပြီးမှ ပြန်ဖြစ်တတ်သည်။
ထို့အတူ တီဘီသည် တစ်ခါတစ်ရံ ပြန်ရည်ဖုများဖြစ်စေသည်။ လည်ပင်း (သို့) လည်ပင်းနှင့်
ပခုံးကြား ညှပ်ရိုးနောက်တွင် အဖုများ အများဆုံးပေါက်စေသည်။ အဖုများသည် ကြီးလာသည်။
ပေါက်ထွက်သည်။ ပြည်ထွက်သည်။ အတန်ကြာပိတ်သွားသည်။ ထို့နောက် ပေါက်ထွက်ပြီး
ပြည်ထပ်ထွက်ပြန်သည်။ အဖုများသည် အများအားဖြင့် မနာချေ။
ကုသနည်း
မည်သည့် နာတာရှည် (သို့) ပြန်ရည် ဖုရောင်ခြင်းကိုမဆို ဆေးဘက်ဆိုင်ရာ
အကြံဉာဏ်ရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ မည်သည့်အတွက်ဖြစ်သည်ကို သိရန်
ဆေးစစ်ကြည့်ရန်လိုသည်။ အရေပြားတီဘီကို အဆုတ်တီဘီကဲ့သို့ပင် ကုသနိုင်သည်။
ရောဂါပြန်မဖြစ်စေရန် အရေပြားကောင်းသွားပြီးသည့်နောက် လများ ကြာမြင့်စွာ
ဆေးစားရမည်။
Credit : ဦးခင်မောင်တင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

