ခါးသေးစေမည့်နည်းလမ်းများ
11-Jul-2019
စားသမျှ စောင့်ကြည့်ပါ
အစာစားတဲ့အခါမှာ စည်းကမ်းတော့ ထားဖို့လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန်ကောင်းမွန်တဲ့
အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့
အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့
သစ်သီးဝလံတွေကို စားတာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက်ပတ်လည်က
အဆီတွေကို လျော့ကျစေပါတယ်။ တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခ စားတာက ဇီဝရုပ်
ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန်နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။
အမျိုးသမီးတွေက ဝမ်းဗိုက်ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့
ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက
အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့
အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။
ခါးလှည့်ကွင်း သုံးပါ
ခါးလှည့်ကွင်းကိုသုံးပြီး လေ့ကျင့်ခန်းလုပ်တာက ခါးနဲ့ ဝမ်းဗိုက်က အဆီတွေကို လျော့ပါးစေပါတယ်။
ရေကူးတာကလည်း ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို သန်စွမ်းကြံ့ခိုင်စေတဲ့
လေ့ကျင့်ခန်းပါ။ ကခုန်တဲ့ လှုပ်ရှားမှုကလည်း ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ အဆီတွေကို
လျော့ကျစေပါတယ်။
ရေဓာတ် ဖြည့်တင်းပါ
ရေသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဇီဝရုပ်
ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ရေသောက်များတာကြောင့်
ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို လျော့ကျစေပြီး အစာကြေစေပါတယ်။ ဒါ့အပြင် ရေကို
များများသောက်တာကြောင့် ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို
ကောင်းကောင်း စုပ်ယူနိုင်စေပါတယ်။ အရက်နဲ့ အချိုရည်အစား သစ်သီးဖျော်ရည်တွေကို
သောက်ပါ။ ကော်ဖီအစား သံပရာရည်ကို ရွေးပါ။
လေ့ကျင့်ခန်း လုပ်ပါ
ခါးသေးသွယ်စေမယ့် အဓိက လေ့ကျင့်ခန်းက ထိုင်ထ လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်း၊
အိပ်ထမတင် လေ့ကျင့်ခန်း စတာတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက
သင့်ဘဝတစ်လျှောက်လုံး ကျန်းမာနေစေဖို့အတွက် ပုံမှန် လုပ်ပေးသင့်တဲ့ အလေ့အထတစ်ရပ်
ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေအပြင် နောက်ထပ်လုပ်သင့်တဲ့ လေ့ကျင့်
ခန်းကတော့ အလေးမတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ဝမ်းဗိုက်ကြွက်သားတွေကိုပါ
သန်စွမ်းစေပါတယ်။
စိတ်အား မြှင့်တင်ပါ
လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အားကစား ဝတ်စုံအသစ်တွေကို ဝယ်တာ၊ ခါးအလှပေါ်လွင်စေမယ့်
ဝတ်စုံတွေ ဝယ်တာတွေကို လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်တာကြောင့် ခါးေး သွယ်လျအောင်
ကြိုးစားချင်စိတ် အပြည့်အဝ ရှိလာပါလိမ့်မယ်။ Reader's comment: " အစာစားတဲ့
အခါမှာ စည်းကမ်းတော့ ထားဖို့လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ
မှန်ကန်ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်းအပူချိန်မှာ
ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့
သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက်ပတ်လည်က
အဆီတွေကို လျော့ကျစေပါတယ်။
တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့
မကြာခဏ စားတာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီကြာတိုင်း
အစာစားပေးပါ။ အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့အတွက် နည်းလမ်း
အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ
အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့အချိန်တွေမှာတော့
ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။"
Credit : ကြယ်စင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
