ချိုင်းကြားတွင်အကျိတ်များထွက်ခြင်း
01-Mar-2017
တစ်ခါတစ်လေ ရင်သားမှာ အဖုအကျိတ်များ စမ်းသပ်မတွေ့ရှိရပေမယ့် ချိုင်းကြားမှာ သားငံရည် အကျိတ်များ ထွက်ပေါ်လာတတ်ပါတယ်။ ဒါကလည်း ထူးခြားတဲ့ ရောဂါရဲ့ အစဦး လက္ခဏာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျားမ မရွေး ချိုင်းကြားမှာ အဖုအလုံးအကျိတ်များ လိုတာလက် ပိုမိုကြီးထွားနေတယ်ဆိုရင် သတိထားဖို့ လိုအပ်လာပါပြီ။
အထက်ပါ အချက်အလက်များရဲ့ လက္ခဏာများနှင့် ငြိစွန်းနေမယ်ဆိုရင် ဆရာဝန်ထံသာ အမြန်ဆုံးပြသပါ။ အသက် ၃၀ နှစ် အပိုင်းအခြားအနေနှင့် ရံဖန်ရံခါသာ စစ်ဆေးဖို့ လိုပေမယ့် အသက် ၃၀ ကျော်များအနေနှင့် တစ်နှစ်မှာ နှစ်ကြိမ်စစ်ဆေး အစမ်းသပ်ခံယူသင့်ပါတယ်။ အထူးသဖြင့် ရင်သားမှာ အကျိတ်လုံးရှိသူနှင့် မိဘမျိုးရိုးထဲမှာ ရင်သားကင်ဆာ ရှိသူအနေနှင့် အသက် ၃၅ နှစ်မတိုင်ခင်မှာ တစ်နှစ်နှစ်ကြိမ်နှင့် အသက် ၃၅ နှစ်ကျော်ပါက လေးလတစ်ကြိမ် ပြသသင့်ပါတယ်။
တကယ်လို့ စမ်းသပ်မှုအရ ရင်သားကင်ဆာအမှန်တကယ် ရှိတယ်ဆိုရင်တော့ သုံးလတစ်ခါ ပြသပြီး ဆရာဝန်ထံမှာသာ အစဉ်တစိုက် ပြသကုသမှု ခံယူပါလို့ အကြံပြုလိုပါတယ်။ဆရာဝန်များမှာလည်း ရင်သားမှာ အဖုအကျိတ်တွေ့ရင် ယင်းအကျိတ်မှ အသားစယူပြီး ရောဂါဗေဒ ရှာဖွေနည်းဖြင့် စစ်ဆေးကြည့်ရှုခြင်း၊ ရင်သားကိုဓာတ်မှန် ရိုက်ကြည့်ခြင်းများ ပြုလုပ်၍ သိရှိနိုင်ပါတယ်။
မိန်းမသားရဲ့ အလှတစ်ပါးဖြစ်တဲ့ ရင်သားအလှကို ကြောက်စရာကောင်းပြီး အသက်အန္တရာယ်နှင့် နီးစပ်လှတဲ့ ရင်သားကင်ဆာဘေးမှ ကင်းဝေစေရန် ကြပ်မတ်စောင့်ရှောက်အပ်ကြောင်းနှင့် ရင်သားကင်ဆာရှိသော အမျိုးသမီးရော အမျိုးသားများပါ စောစီးစွာသိရှိပါက ကုသခံယူ ပျောက်ကင်းနိုင်ကြောင်း အလှနှင့် ကျန်းမာရေး ယှဉ်တွဲဂရုစိုက်ရန် တိုက်တွန်းလိုက်ရပါတယ်။
Credit:
နန်အိအိဇာ
လှသည်ထက်လှမယ်ဆိုရင် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
