အသက်ရှူလမ်းကြောင်းမှ အပိတ်အဆို့များအား ဖယ်ရှားခြင်း
01-Mar-2017
၁။ လူနာ၏ ဦးခေါင်းအား တစ်ဖက်သို့ လှည့်ပေးပါ။ ပြီးနောက် မေးစေ့အား အပေါ် သို့မြှင့်ပေးပါ။
၂။ မေးစေ့က အပေါ်မြင့်တက်သည့် အနေအထားရောက်သည်နှင့် ခေါင်းအား ဘယ်ညာ ရမ်းပေးပါ။ထို့ကြောင့်လက်ချောင်းနှစ်ချောင်းအား ချိတ်ပုံစံကွေးပြီး လူနာ၏ လျှာအပေါ်ပိုင်း ပါးစပ်ပေါက်ထဲသို့ သွင်း၍ မတော်တဆဝင်နေသော အညစ်အကြေးအမှုန်အမွှားများ အား ခြစ်ထုတ်ပေးပါ။ ထိုသို့လုပ်ရာ၌ အချိန်မကြာစေဘဲ လျင်မြန်စွာ ပြုလုပ်ပါ။
၃။ မိမိဘက်မှ လိုအပ်သလိုပြုစုပြီးပါက လူနာ၏ အသက်ရှူပုံအား လေ့လာပါ။
၄။ လူနာ၏ လက်ကောက်ဝတ်အား စမ်း၍ သွေးခုန်နှုန်ကို စမ်းပေးပါ။
• အကယ်၍ လူနာက အသက်မရှူနိုင်ဘဲ ရှိနေပါက ပါးစပ်ချင်းတေ့၍ အဆုပ်တွင်းလေရောက်ရှိ စေခြင်းဖြင့် အသက်ရှူနိုင်အောင် စီစဉ်ပေးပါ။
• အကယ်၍ လူနာက အသက်လည်းမရှူ၊ သွေးလည်းမခုန်တော့ပါက ပါးစပ်ချင်းတေ့ ၍ လေရောက်စေခြင်းအပြင် လူနာ၏ ရင်ဘတ်အား အပေါ်မှ လက်ဖြင့်ဖိ ဖိပေးပါ။
Credit:
ဦးသိန်းအောင်လှိုင် (ဆေးပညာ)
ရှေးဦးသူနာပြုစုနည်း စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

