ပလတ်စတစ် လူသုံးကုန်ပစ္စည်းများဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါဝ...
03-Jul-2019
PVC ကြမ်းခင်းတွေ၊
ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ၊ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အသင့်စားအစားအစာတွေနဲ့
အခြားပလတ်စတစ်နဲ့ ပြုလုပ်တဲ့အရာတွေဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါဝင်စားမှုကို
လျော့နည်းစေပါတယ်။ လိင်မှုကိစ္စ တက်မက်မှု လျော့နည်းခြင်းဟာ
ပလတ်စတစ် အပျော့တွေကို သုံးစွဲမှုနဲ့ ပတ်သက်နေပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ဖတ်သ်သလိပ် (phthalates)
ပမာဏများတဲ့ အမျိုးသမီးတွေဟာ လိင်မှုကိစ္စတွေမှာ စိတ်ဝင်စားမှုလျော့နည်းနေတတ်ပါတယ်။
phthalates ဟာ
လူတွေပြုလုပ်နိုင်တဲ့ ဓါတုဗေဒတစ်မျိုးဖြစ်ပြီး ကျန်းမာရေး
ကောင်းမွန်မှုအတွက် အရေးပါတဲ့ သဘာဝ ဟော်မုန်းတွေကြားမှာ ရှိနေတတ်ပါတယ်။ phthalates ကို
ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ PVC ကြမ်းခင်းတွေနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာတွေထဲမှာလည်း
ပါဝင်နေပြီး ပလတ်စတစ် ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓါတုဗေဒပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက
Rochester ဆေးတက္ကသိုလ်က Dr Emily Barrett ဟာ အသက် ၂ဝ ကနေ ၃ဝ ကြားမှာရှိတဲ့ ကိုယ်ဝန်ဆောင်သည်
အမျိုးသမီး ၃၆ဝ ယောက်ရဲ့ ဆီးတွေထဲမှာ Phathalates ပါဝင်မှု ကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့
Phathalates ပမာဏပါဝင်မှုများတဲ့ အများစုဟာ လိင်မှုကိစ္စတွေကို စိတ်မဝင်စားခဲ့တာကိုလည်း
တွေ့ရပါတယ်။ ဒါ့အပြင် ဒေါက်တာ BarrettဟာPhathalates တွေဟာ အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စတက်မက်မှုကြောင့်ရတဲ့
ဟော်မုန်းတွေဖြစ်တဲ့ Oestrogen နဲ့ testotetone တို့ရဲ့
ကြားထဲမှာ ကြားဝင်နေနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဥရောပ စီးပွားရေး သမဂ္ဂကလည်း
Phathalates ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ ၊ အရုပ်တွေ နဲ့ အခြား ပလတ်စတစ်ပစ္စည်းတွေ သုံးစွဲခြင်းကို တားမြစ်ထားပါတယ်။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
