အချိန်မီ ကုသသင့်သော အစာအိမ်ကင်ဆာ
01-Mar-2017
ဘယ်လိုအကြောင်းတွေကြောင့် ဖြစ်ရတာလဲ
အရက်၊ အပူအစပ်၊ ပင်လယ်စာ၊ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ ငါးခြောက်၊ ပုစွန်ခြောက်၊ ဝက်အူချောင်း၊ ငါးခြောက် စတဲ့ အစားခံတဲ့ဟာတွေမှာ နိုက်ထရိုစမီး ဆိုတဲ့ ကမ်မီကယ် ပါရှိပါတယ်။ အဲဒီ ကမ်မီကယ်တွေက စားတာများတဲ့အခါ ရောဂါဖြစ်တတ်ပါတယ်။ အာလူးကြော်တွေ၊ အသားကင်တွေ၊ ပင်လယ်စာတွေလည်း ပါတယ်။
အစားအသောက်တစ်ခုတည်းကြောင့် ရောဂါတွေဖြစ်တာလား
အစားအသောက်နှင့် ဆိုင်တယ်လို့ ပြောလို့ရပေမယ့် တခြားနေထိုင်မှု ပုံစံတွေကြောင့်လည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဆေးလိပ်၊ ကွမ်း၊ အရက်၊ အပူအစပ်၊ စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုများတဲ့ သူတွေမှာ အဖြစ်များတာတွေ့ရပါတယ်။
ဘယ်လိုအခြေအနေကို စောစောစီးစီးသိရတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေရှိပါသလဲ
စောစောစီးစီး သိတဲ့အခါ ရောဂါဖြစ်နေရင်လည်း သာမန်အစာအိမ်လေးကို ခွဲရသလိုပဲ၊ အနာစဖြစ်ခါစ အခြေအနေကို သိနိုင်တဲ့အတွက် ခွဲစိတ်ရတာ အရမ်းလွယ် ကူပါတယ်။ အနာသိပ်ကြီးလာမှဆိုရင်တော့ မလွယ်တော့ပါဘူး။ ကင်ဆာဖြစ်တယ် ဆိုပြီး ဖြစ်တိုင်းလည်း သေတာမဟုတ်ပါဘူး။ ရောဂါအစပျိုးနေတုန်း မြန်မြန်ဆန်ဆန် ကုသမှု ခံသင့်ပါတယ်။
ရောဂါကို စောလျင်စွာ ရှာဖွေတွေ့ရှိဖို့ ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်သင့်သလဲ
အစာစားတဲ့အခါ အစားအသောက်တွေ ပျက်နေလား၊ ရင်ခံနေလား၊ အစာမကြေဖြစ်နေလား၊ ရင်ခံနေလား၊ အစာမကြေဖြစ်နေလား၊ လေချဉ်ခဏခဏ တက်နေလား၊ နာကျင်မှုတွေ ခံစားရတာ စတာတွေ၊ အစာအိမ်နဲ့ ပတ်သက်လို့ နည်းနည်းလေး ထူးခြားလာပြီဆိုတာနှင့် မှန်ပြောင်းကြည့်သင့်ပါတယ်။ မှန်ပြောင်းကြည့်ပြီး ရောဂါတွေ ရှာဖွေတာဟာ တော်တော်လေး အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ အခြေအနေ အတော်ဆိုးမှ ကုသမယ်ဆိုရင်တော့ စိတ်မချရပါဘူး။
Credit:
ပါမောက္ခ ဒေါက်တာဦးဦးကျော်
(ခွဲစိတ်ပါမောက္ခ (ငြိမ်း)
Arogyam magazine, July 2014, Pg.50
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
