ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်း
01-Mar-2017
ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းသည် ရှားပါးသောပြဿနာတစ်ခုဖြစ်သော်လည်း ဆိုးဝါးပြင်းထန်ပြီး အသက်သေဆုံးစေနိုင်သည့် လက္ခဏာစုဖြစ်သည်။ ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းကြောင့် စိတ်ပြောင်းလဲမှုများဖြစ်နိုင်ပြီး ထိုမှတစ်ဆင့် အာရုံရှုပ်ထွေးခြင်း၊ သတိလစ်မျောခြင်းမှ သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။ အသည်းကလာပ်စည်းများ ပျက်ယွင်းမှုများသည် ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးစေခြင်းကို ဖြစ်စေနိုင်သည်။ ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းကို ဖြစ်ပွားသည့် ဇာစ်မြစ်၊ လက္ခဏာများ၊ ဖြစ်ပေါ်မှု အချိန်ကာလစသည့် အခြေအနေများပေါ်မူတည်၍ အမျိုးအစား (၃) မျိုး ခွဲထားပါသည်။
(က) Hyperacute liver failure
အသည်း ရုတ်တရက်ပျက်စီးပြီး အသားဝါခြင်းဖြစ်ပြီး ဦးနှောက်ထိခိုက်မှု၏ လက္ခဏာများသည် (၇) ရက် မတိုင်မီ ဖြစ်ပေါ်လေ့ရှိသည်။ ဦးနှောက်ဖောရောင်ခြင်း (Cerebral Oedema) ဖြစ်လေ့ရှိသည်။ ဗိုင်းရပ်စ်ပိုးများနှင့် ပါရာဆီတမော (Paracetamol) အဆိပ်သင့်ခြင်းတို့ကြောင့် ဖြစ်တတ်သည်။
(ခ) Acute liver failure
အမျိုးအစားတွင် အသားဝါခြင်းနှင့် ဦးနှောက်ထိခိုက်ခြင်းတို့မှာ ၈ရက်မှ၂၈ရက် အတွင်း ဖြစ်ပေါ်လေ့ရှိသည်။ ဦးနှောက်ဖောရောင်ခြင်း ဖြစ်လေ့ရှိသည့် ဆေးဝါးများကြောင့် ဖြစ်တတ်သည်။ အခြားသော အသည်းရောဂါများကြောင့်လည်း ဖြစ်တတ်သည်။ အသည်းကြောင့် ဦးနှောက်ထိခိုက်မှု အခြေအနေကို ဆေးပညာအရ အဆင့် (၄) ဆင့် ခွဲထားသည်။
အဆင့် (၁) - လူနာသည် အာရုံစူးစိုက်နိုင်ခြင်း မရှိ၊ စကားပြောရာတွင် မပီသပေ။ စိ်တ်ဖြစ်စဉ်များ နှေးကွေးနေမည်။ အိပ်စက်မှုဆိုင်ရာပြဿနာများ ဖြစ်ပေါ်နေမည်။
အဆင့် (၂) - လူနာသည် မူးဝေနေသော်လည်း အလွယ်တကူ နိုးထနိုင်သည်။ တစ်ခါတရံ ရန်လိုသော၊ ဒေါသကြီးသော အပြုအမူများပြုတတ်သည်။ နွမ်းနယ်လေ့ရှိသည်။
အဆင့် (၃) - မူးဝေနိုင်မည်။ အာရုံ ရှုပ်ထွေးနေမည်။ အလွန်အကျွံ အိပ်ချင်နေတတ်သည်။ နာကျင်မှုနှင့် အသံဖြင့် လှုံ့ဆော်မှုတို့ကို တုံ့ပြန်နိုင်စွမ်းရှိသေးသည်။ ကယောင်ကတမ်း ဖြစ်နေတတ်သည်။
အဆင့် (၄) - အသံဖြင့် လှုံ့ဆော်မှုကို တုံ့ပြန်ခြင်း မရှိတော့ပေ။ နာကျင်မှုအပေါ် တုံ့ပြန်ခြင်း (သို့)သတိလစ်မေ့မျောနေသည်။ လူနာအား ဆေးရုံတက်၍ လိုအပ်သော စမ်းသပ်စစ်ဆေး ကုသမှုများ ပြုလုပ်ပေးရန် လိုသည်။
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးသတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
