လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများအကြောင်း
20-May-2019
လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကို Sexually
transmitted disease (သို့) venereal disease (VD) လို့လည်း ခေါ်ပါသည်။ Veneais ဆိုတာ
လက်တင်ဘာသာနဲ့ Venus ရဲ့ နာမည်ဖြစ်ပြီး Venus ဆိုတာဟာ ချစ်ခြင်းမေတ္တာရဲ့ နတ်ဘုရားကို
ဆိုလိုပါသည်။ အခုနှစ်ပိုင်းအနည်းငယ်မှာတော့ Sexually transmitted infection (STI) လို့
ပြောင်းခေါ်ကြပါတယ်။ ဆိုလိုတာက လူတစ်ယောက်ဟာ ဘာရောဂါတစ်ခုမှ
အခံမရှိဘဲနှင့် လိင်မှုဆိုင်ရာ နည်းလမ်းတွေမှ အခံမရှိဘဲနဲ့ လိင်မှုဆိုင်ရာနည်းလမ်းတွေမှတစ်ဆင့်
ရောဂါကူးစက် ခံရနိုင်တယ်လို့ ဆိုလိုပါတယ်။
STI အကြောင်းသိကောင်းစရာ
STI အများစုဟာ လိင်တံ၊ မိန်းမကိုယ်၊ အစာဟောင်းအိမ်၊ ဆီးလမ်းကြောင်း၊
ပါးစပ်၊ လည်မျို၊ အသက်ရှူလမ်းကြောင်းနှင့် မျက်လုံးတို့မှာရှိတဲ့ mucous အမြှေးပါးကနေတစ်ဆင့်
ကူးစက်တတ်ပါသည်။ လိင်တံထိပ်ကို ဖုံးအုပ်ထားတဲ့ မြင်နေရတဲ့အရေပြားဟာ mucous
membrane ဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် mucus အချွဲတွေ ထုတ်ပါတယ်။ (ပါးစပ်မှာရှိတဲ့ နှုတ်ခမ်းနှင့်တူပါတယ်။
ရောဂါပိုးတွေဟာလည်း အရေပြားပွန်းပဲ့ရာ လေးတစ်ခုကနေတောင် တစ်မိနစ်အတွင်း ဝင်ရောက်ကူးစက်သွားနိုင်ပါတယ်။
ဒါ့အပြင် ရောဂါပိုးတွေဟာ မစင်၊ ဆီးနဲ့ ချွေးတို့ကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဘယ်လောက်အထိ
ထိတွေ့သလဲဆိုတဲ့ ပမာဏဟာရောဂါ ပိုးဝင်ရောက်စေမှု အတိုင်းအတာကို ကွဲပြားစေတယ် ဆိုတာမှန်ပေမယ့်လည်း
ရောဂါအားလုံးမှာတော့ ရောဂါရှိနေတဲ့အရည်ကနေ Mucous membrane ကို အနည်းငယ်လေး ထိတွေ့ရုံနှင့်တင်
ရောဂါဖြစ်စေနိုင်ပါတယ်။
Mucous membrane ဟာ နှုတ်ခမ်းမှာတော့ လိင်အင်္ဂါမှာရော ပါရှိပေမယ့်လည်း
STI အများစုဟာ သာမန်နှုတ်ခမ်းချင်း နမ်းတာထက်စာရင် Oral Sex နေက ကူးစက်ဖို့ ပိုလွယ်ပါတယ်။
Safe sex chart အရ ရောဂါပိုးအများစုဟာ ပါးစပ်မှ လိင်အင်္ဂါ၊ လိင်အင်္ဂါမှ ပါးစပ်အစရှိသဖြင့်
ပိုမိုလွယ်ကူစွာ ကူးစက်နိုင်ကြောင်းတွေ့ရပါသည်။ တံတွေးမှာထက် မျိုးပွားအင်္ဂါမှ ထွက်ရှိသောအရည်တွေမှာ
ရောဂါပိုးတွေ ပိုပါဝင်ပါတယ်။ Herpes simplex နဲ့ HPV ပိုးတွေကတော့ အရေပြားကနေ တိုက်ရိုက်ထိတွေ့ခြင်းမှ
ကူးစက်နိုင်ပါတယ်။ KSHV ဆိုတဲ့ပိုးကတော့ တံတွေးကနေတစ်ဆင့် (နမ်းခြင်း၊ တံတွေးအားချောဆီ
အဖြစ်အသုံးပြုခြင်း) ကူးစက်နိုင်ပါတယ်။ STD အမျိုးအစားပေါ် မူတည်ပြီးတော့ လူတစ်ယောက်ဟာ
ဘယ်လိုရောဂါလက္ခဏာမျိုးမှမပြဘဲနဲ့လည်း ရောဂါတွေကို ပျံ့နှံ့ကူးစက်နိုင်စွမ်း ရှိပါတယ်။
ဥပမာ အနေနဲ့ပြောရရင် Herpes ရေယုန်ပိုးဟာ ရေယုန်အဖု တွေရှိနေတဲ့လူဟာ မရှိတဲ့လူထက်စာရင်
ပိုမိုရောဂါပိုး ပျံ့ပွားစေနိုင်ပြီး HIV ကတော့ အချိန်တိုင်းမှာ ရောဂါပျံ့ပွား ကူးစက်စေနိုင်ပါတယ်။
ဆိုလိုတာက လူတစ်ယောက်ဟာ HIV ရှိနေတယ်ဆိုရင် AIDS ရဲ့ ရောဂါလက္ခဏာတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
HIV ကို ကူးစက်စေနိုင်ပါတယ်။ STD ထဲမှာ အပါအဝင်ဖြစ်တဲ့ ဒီ HIV ပိုးဟာလည်း အမေကနေ ကလေးကို
ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်စေ၊ နို့တိုက်ကျွေးချိန်မှာဖြစ်စေ ကူးစက်သွားနိုင်ပါသေးတယ်။
လိင်ဆက်ဆံဖက်များလာလေလေ ရောဂါပိုးကူးစက်နိုင်ခြေကလည်း
များလာလေလေ ဆိုတာကိုလည်း သိထားရပါမယ်။ STD ရှိတိုင်းအားလုံးဟာ လိင်ဆက်ဆံခြင်းမှာ တစ်ဆင့်ကူးစက်တယ်လို့
တရားသေတော့ပြောလို့မရပါဘူး။ ဥပမာ ဆေးမှင်ကြောင်ထိုးခြင်း၊ ကလေးမွေးခြင်း၊ အပ်စူးမိခြင်း၊
အပ်များမျှဝေသုံးစွဲခြင်းနှင့် သွေးသွင်းခြင်း စတာတွေကနေတစ်ဆင့် ကုးစက်တာတွေလည်း ရှိတတ်ပါတယ်။
အထူုးသဖြင့် Medical Workers တွေနဲ့ သွေးအမြဲသွင်းနေရတဲ့ လူနာတွေဟာ အဖြစ်များလေ့ရှိကြပါတယ်။
Sexual activity ပြုလုပ်နေစဉ်အတွင်း STD ကို လျော့ချနိုင်ဖို့အတွက် အကောင်းဆုံး
Safe Sex အတွက် ဆေးပညာကျွမ်းကျင်သူတွေ အကြံပေးထားတာကတော့ ကွန်ဒုံးသုံးကြဖို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အလုံးစုံကြီး အန္တရာယ်ကင်းပါတယ်လို့ အာမခံတာမျိုးတော့ မဟုတ်ပါဘူး။ STD
ဟာ ဘာလက္ခဏာမှ မပြဘဲ ပိုးသယ်ဆောင်သူအဖြစ် နေနိုင်တာမျိုးလည်း ရှိနိုင်ပါ၏ တစ်ခါတစ်ရံမှာ
STD ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ တင်ပါးဆုံးရိုးအတွင်း ရောင်ရမ်းနာကျင်ရောဂါ
(Pelvic inflammatory disease) ကိုလည်း ခံစားရနိုင်ပါတယ်။
Credit : မေချို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
