Print

သုံးနှစ်ထက်ကြာပြီး သန္ဓေတားဆေးမှီဝဲသည့် အမျိုးသမီးများ မျက်စိကွယ်နိုင်...

  01-Mar-2017
Preview Image

သန္ဓေတားဆေးကို သုံးနှစ်ကျော် ကြာတဲ့အထိ မှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ အမြင်အာရုံဆုံးရှုံးနိုင်တဲ့ မျက်စိပြဿနာဖြစ်နိုင်ခြေ နှစ်ဆခန့်မြင့်မားတယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ သန္ဓေတားဆေးမှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ မျက်စိရေတိမ်ရောဂါဖြစ်နိုင်ခြေပိုများတယ်လို့ သုတေသသီတွေက တွေ့ရှိခဲ့ပါတယ်။ ရေတိမ်ရောဂါဟာ မျက်စိအတွင်ရေဆင်းတဲ့ပိုက် ပိတ်ဆို့မှုဖြစ်ခဲ့ရင် ရေစီးဆင်းမှု မရှိတော့တဲ့အတွက် မျက်လုံးအတွင်းဖိအားများလာကာ မြင်လွှာမှ အာရုံကြောနဲ့ မျက်စိအာရုံကြော ပျက်စီးတာကြောင့် ဖြစ်တာပါ။ 

 

ဒီလေ့လာမှုအသစ်ဟာ ပါးစပ်မှမှီဝဲရတဲ့ သန္ဓေတားဆေးကို အသုံးပြုတဲ့ အမျိုးသမီးတွေအနေနဲ့ ရေတိမ်ရောဂါဖြစ်နိုင်ခြေ များတာကို ပထမဆုံး တွေ့ရှိတာဖြစ်ပါတယ်။

 

ပါးစပ်မှ မှီဝဲရတဲ့ သန္ဓေတားဆေးဟာ ရေတိမ်ရောဂါဖြစ်ဖို့ တိုက်ရိုက်ဆက်သွယ်မှုမရှိပေမယ့် ဒီသန္ဓေတားဆေးကို ရေရှည်အသုံးပြုပါက ရေတိမ်ရောဂါဖြစ်နိုင်ခြေကို မြင့်မားတာကို ညွှန်ပြနေတယ်လို့ သိရပါတယ်။ ရေတိမ်ရောဂါကို မျက်စဉ်းဆေးခတ်တာ၊ လေဆာကုထုံးအသုံးပြုတာ ဒါမှမဟုတ် ခွဲစိတ်နည်းလမ်း အသုံးပြုနိုင်ပါတယ်။ ရောဂါရှိမှန်း စောစောစီးစီးသိဖို့ အရေးကြီးပါတယ်။ မျက်လုံးတွင်း ပျက်စီးမှု ဖြစ်လာရင် ပြန်လည်ပြုပြင်လို့ မရနိုင်တာကြောင့်ပါ။ ရေတိမ်ရောဂါကို မကုသဘဲ ထားခဲ့ရင် အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။


Credit:
Arogyam magazine, No.258, Junuary 2014, Pg.142

 



Related Articles


Advertisment 18