အမျိုးသမီးတွေအနေနဲ့ ကျန်းမာ၊ လှပတဲ့ ရင်သားတွေ ရရှိစေဖို့
05-May-2019
ရင်သားတွေဟာ အမျိုးသမီးဖြစ်ရခြင်းရဲ့ သင်္ကေတတစ်ခုုဖြစ်တဲ့အတွက်
အမြဲတမ်းလိုလိုအာရုံစိုက်ခံကြရလေ့ ရှိပါတယ်။ ရင်သားတွေကိုဂရုစိုက်ဖို့ဆိုတာ အတော်လေးအရေးကြီးပါတဲ့ အချက်တွေ ဖြစ်တာကြောင့် လှပတဲ့ရင်သားတွေရရှိဖို့
အောက်မှာဖော်ပြထားတဲ့ အချက်တွေအတိုင်း နေထိုင်ပြုမူရမှာပါ။ ဘရာအမြဲဝတ်ပါ။ ဣနြေ္ဒ ပြည့်လှတဲ့
ခန္ဓာကိုယ်အနေအထားနဲ့ အမြဲတန်းနေပါ။ လှပတဲ့ရင်သားတွေကိုထိန်းသိမ်းချင်တယ်ဆိုရင်တော့
လေးပင်တဲ့အရာတွေ သယ်ခြင်းကို ရှောင်ပါ။ ရေချိုးပြီးတဲ့အခါမှာ ရေဓါတ်ကြွယ်ဝတဲ့ ခရင်(မ်)
နဲ့ ရင်သားတွေကို လိမ်းပြီး ဖြည်းညင်းစွာဆုပ်နယ်ပေးပါ။ ရင်သားတစ်သျှူးတွေကို ထိခိုက်စေမယ့်
ရေနွေးနဲ့ရေချိုးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ရင်သားပုံကျဖို့ တစ်မိနစ်ခန့်
ရေအေးဖြင့် ရေချိုးပါ။ ရင်အုပ်ကြွက်သားတွေကို ထိန်းသိမ်းဖို့အတွက် ရေကူးပေးပါ။ ရင်သားတွေကို
ဖိညှစ်သလိုဖြစ်စေမယ့် အလွန်ကြပ်ထုပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ နေရောင်ဒဏ်ကာကွယ်တဲ့
ခရင်(မ်)တွေ လိမ်းရတာ
မကြိုက်ဘူးဆိုရင်တော့ နေရောင်အောက်မှာ ကြာကြာမနေပါနဲ့။
နေရောင်နဲ့ ကြာကြာထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အတွက်တော့
ရင်သားတွေကို almond oil ပုံမှန် လိမ်းပြီး ဆုပ်နယ်ပေးသင့်ပါတယ်။
Credit : Jack
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
