သင့်အိမ်ခန်းအတွင်း နှစ်ခြိုက်စွာ အိပ်ပျော်စေရန်
01-Mar-2017
အိပ်ခန်းပြင်ဆင်မှုတွေကို ပြင်ဆင်ပြီးချိန်မှာတောင် သင့်အနေနဲ့ အိပ်မပျော်တာမျိုး ခံစားနေရတယ်ဆိုရင် အောက်ပါအချက်များကို သုံးသပ်ကြည့်ပါ။
၁။ ညစာကို အများကြီး မစားပါနှင့်
ညစာကို ဗိုက်အရမ်းတင်းအောင် စားလိုက်တာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်က အိပ်စက်နေချိန်မှာ အစာခြေစနစ်ကို လုပ်ဆောင်ဖို့ နှေးကွေးနေတာကြောင့်ပါ။
၂။ သက်တောင့်သက်သာ မရှိသော အဝတ်အစား မဝတ်ပါနှင့်
အိပ်စက်ချိန်မှာ သင့်အဝတ်အစားနှင့် အိပ်ရာခင်းတွေဟာ သင့်ကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ကျပ်လွန်းတဲ့ အဝတ်အစားတွေ၊ ကြယ်သီးအလုံးတွေနဲ့ အလှဆင်ထားတဲ့ အဝတ်အစားတွေနဲ့ သက်တောင့်သက်သာ မရှိတဲ့ အိပ်ရာခင်းတွေကြောင့် သင့်အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်စက်ချိန်မှာ ချည်သားအိပ်ရာခင်းနှင့် ညအိပ်ဝတ်စုံတွေကိုသာ ရွေးပါ။
၃။ မအိပ်ခင် အရက် မသောက်ပါနှင့်
လူအများစုက အရက်သောက်ပြီး အိပ်စက်တာက ပိုအိပ်ပျော်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အရက်သောက်ပြီး အိပ်ပျော်တာဟာ နိုးတစ်ဝက်၊ အိပ်တစ်ဝက် အိပ်ပျော်တာမျိုးဖြစ်တာက ပိုများပါတယ်။ အိပ်မက်မက်သလို၊ အိပ်ပျော်သလိုဖြစ်နေပြီး ကြာရင် သင့်မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်းကို လျော့နည်းလာစေပါတယ်။
၄။ ညနေခင်းတွင် ကဖင်းပါသော ဖျော်ရည် မသောက်ပါနှင့်
ကဖင်း ပါဝင်တဲ့ ဖျော်ရည်တွေက သင့်ကို ၁၂ နာရီလောက် လန်းဆန်းနေစေပါတယ်။ ဒါကြောင့် ညနေခင်းမှာ ကော်ဖီ သောက်တာမျိုးက သင့်အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
၅။ မအိပ်ခင် တီဗီ မကြည့်ပါနှင့်
ညအိပ်ချိန်မှာ သင့်ခန္ဓာကိုယ်က အမှောင်ထုကို ခံစားတတ်ပါတယ်။ တီဗီ၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းနဲ့ ကွန်ပျုတာက အလင်းရောင်တွေက သင့်ခန္ဓာကိုယ်ကို တိုက်ခိုက်ပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ သင်က နာရီနှိုးစက် ပေးဖို့ လိုအပ်လို့ အခန်းထဲမှာ နာရီမီး အလင်းရောင်ထားရရင် အဝတ်နဲ့ အုပ်ထားလိုက်ပါ။
၆။ နေ့ခင်းကြာကြာ မအိပ်ပါနှင့်
နေ့ခင်းဘက် တစ်မှေး အိပ်စက်တာက ညဘက်ကောင်းစွာ အိပ်ပျော်စေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ၁၅-၄၅ မိနစ်ထက်တော့ မပိုသင့်ပါဘူး။ နေ့ခင်း အချိန် ကြာကြာအိပ်ရင် ည အိပ်မပျော် ဖြစ်တတ်ပါတယ်။
Credit:
သဲသဲဦး
Arogyam magazine, October 2015, Pg.174
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
