မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လိုက်ရင် မျက်မှန်ပါဝါ လျော့သွားတတ်ပါသလား?
18-Mar-2019
မျက်စိနဲ့ ပတ်သက်တဲ့ အယူအဆတွေက လူတွေကြားထဲမှာ ပျံ့နှံ့နေတာ
အမျိုးမျိုးရှိပါတယ်။ အဲဒီအထဲက ဆရာတို့ဆီကို ရောက်လာတဲ့ လူနာအများစုမှာ တွေ့ရတဲ့ အယူအဆမှားတွေအကြောင်းကို
ပြောပြချင်ပါတယ်။ အများဆုံးတွေ့ရတဲ့ အယူအဆက မျက်မှန်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။
တချို့လူတွေက မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လိုက်ရင် မျက်မှန်ပါဝါ
လျော့သွားတယ်လို့ ထင်ကြသလို တချို့ကြတော့လည်း မျက်မှန်တပ်တာကြောင့် မျက်မှန်ပါဝါတိုးလာတယ်လို့
ထင်ကြပါတယ်။
“ ကျွန်မသားက အခုမျက်မှန်ပါဝါ အနုတ် (-၁) ရှိတယ်။ အဲဒါကို
စွဲစွဲမြဲမြဲတပ်လိုက်ရင် အနုတ် (-၂) ဖြစ်သွားမှာပေါ့” လို့ပြန်ဖြေကြတယ်။ တချို့ကျတော့လည်း
မျက်မှန်ကို စွဲစွဲမြဲမြဲတပ်ရင် မျက်မှန်ပါဝါ အနုတ်ကနေ - ဝ ဒသမ ၅ ဖြစ်သွားမလားလို့
ထင်ကြတယ်။ မဟုတ်ပါဘူး။ မျက်မှန်ပါဝါက မျက်လုံးရဲ့ Curvature နဲ့ Axial Length ပေါ်မှာ
မူတည်ပါတယ်။
ခန္ဓာကိုယ် ဖွံဖြိုးမှုရှိနေသမျှ ပါဝါကလည်းလိုက်တက်နေမှာပါပဲ။
ပုံမှန်ဆိုရင် အသက် ၂၁ နှစ်လောက်အထိ မျက်မှန်ပါဝါ တက်နေနိုင်ပါတယ်။ ၂၁ နှစ်မှာ ခန္ဓာကိုယ်နှင့်
အရပ်အမောင်း ဖွံဖြိုးမှုက ရပ်သွားပြီဆိုရင်၊ Eye Ball ရဲ့ Axial Length ရှည်တာ ရပ်သွားရင်
ဖြစ်ပါတယ်။ တချို့လူနာတွေကျတော့လည်း မျက်မှန်ကို ငယ်ငယ်ကတည်းက တပ်လာတာ၊ ကြီးလာတော့
ပါဝါလျော့သွားတယ်လို့ ပြောကြတယ်။ ဒါက ဘယ်လိုဖြစ်တာလဲဆိုတော့ ငယ်ငယ်ကတည်းက အနုတ်ပါဝါ
တပ်ခဲ့တယ်။ အသက် ၄ဝ အရွယ်ရောက်တော့ မျက်မှန်က အပေါင်းပါဝါ ဝင်လာတယ်။ အနုတ်ပါဝါနဲ့ အပေါင်းပါဝါကျတော့
မျက်မှန်လွတ်သွားတယ်။ အဝေးကိုတော့ မှုန်တယ်၊ အနီးကိုတော့ မြင်ရတော့ မျက်မှန်မတပ်ရတော့ဘူး။
ဒါ ငယ်ငယ်ကတည်းက မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လာတဲ့အကျိုးကျေးဇူးပဲလို့ ပြောကြတယ်။ ဒါလည်း
မဟုတ်ပါဘူး။ နောက်တစ်ခုက အတွင်းတိမ်ရောဂါ (Cataract) အမျိုးအစားတစ်ခု ဖြစ်တဲ့
Nuclear Sclerosis ဖြစ်ရင် မျက်မှန်က အနုတ်ဘက်ကို ရောက်သွားတယ်။
Ref:
ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, March 2014, No.260, Pg. 37-38
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
