အရွယ်မတိုင်မီ ဆံပင်ဖြူတာ မဖြစ်ရလေအောင်
10-Mar-2019
အမျိုးသားများနှင့် အမျိုးသမီးများ တစ်ချို့တစ်လေဟာ အသက်ငယ်ငယ်နဲ့ပင် ဦးခေါင်းမှာ ဆံပင်ဖြူတွေ ဖြစ်လာတာကို တွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်တာဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အာဟာရဓာတ် ပြည့်စုံစွာ မှီဝဲစားသုံးပါမှ ခန္ဓာကိုယ်ကျန်းမာနိုင်သလို အရေပြားနဲ့ ဆံပင်သားဟာလည်း ကောင်းမွန်မှုရှိစေနိုင်မှာပါ။ ဒါကြောင့်မို့ ခန္ဓာကိုယ်ကျန်းမာပြီး အရွယ်ငယ်ငယ်နဲ့ ဆံပင်ဖြူ မပေါက်စေရန် စားသုံးပေးရမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဗီတာမင် အေ
ဗီတာမင် အေ ဓာတ်ဟာ ဦးရေပြားကျန်းမာဖို့အတွက် မရှိမဖြစ်ပါ။ အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်နဲ့ အဝါရောင်အသီးနဲ့ အရွက်တွေမှာ အဆိုပါဓာတ် ပါဝင်တတ်ပါတယ်။
ဗီတာမင် ဘီ
ဗီတာမင် ဘီကတော့ ဆံပင်သားကို အစိုဓာတ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ ဗီတာမင် ဘီ ဓာတ်ပါဝင်တဲ့ အစိမ်းရောင်ရှိတဲ့ အရွက်များ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ဒိန်ချဉ်၊ ငှက်ပျောသီးနဲ့ ကွေကာတို့ကို နေ့စဉ် စားသုံးပေးပါ။
တွင်းထွက်များ
ဇင့်ဓာတ်၊ ကြေးနီဓာတ်၊ သံဓာတ်တို့ဟာ ဆံပင်သားကို ကျန်းမာစေနိုင်တဲ့ အတွက် မဖြစ်မနေ စားသုံးပေးဖို့ လိုပါတယ်။ ဇင့်ဓာတ်ကိုတော့ အနီရောင်အုပ်စုဝင်အသားတွေ ( ဥပမာ - ဝက်သား)၊ အစိမ်းရောင် အရွက်တွေနဲ့ ကြက်သားတို့ကနေ ရရှိနိုင်ပါတယ်။ အမဲသား၊ ဆီးသီးခြောက်၊ ဥများ၊ ဂျုံနဲ့ နေကြာစေ့၊ မုန်လာဥတို့ကနေတော့ သံဓာတ်ကို ရရှိနိုင်ပါတယ်။ ကြေးနီဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ ပင်လယ်စာ၊ ကြက်ဥနစ်တို့ပဲ ဖြစ်ပါတယ်။
ပရိုတင်းများ
ပရိုတင်းဓာတ်ကို မျှတတောင် မှီဝဲပေးရင် ဆံပင်ကို နက်မှောင်သန်စွမ်းစေနိုင်ပါတယ်။ ဒါကြောင့် ကွေကာ၊ အသားနဲ့ ပဲပိစပ်တို့ကို သင့်တော်သလို မှီဝဲပေးဖို့ လိုအပ်ပါတယ်။
Credit :
ကံ့ကော်
(No.134, March 208)Health for All
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
