သွေးထဲကသံဓာတ်အားနည်းခြင်း
01-Mar-2017
သံဓာတ်ဆိုတာ
အနီးမီးယား (Anaemia) ဆိုတဲ့ သွေးအားနည်းရောဂါထဲမှာ သံဓာတ်အား ချို့တဲ့ တာကြောင့်ဖြစ်ရတဲ့ အနီမီးယားရောဂါ အဖြစ်အများဆုံးပါ။ တကယ်လို့ သံဓာတ်ချို့ တဲ့ပြီး သွေးအားနည်းခဲရင် မောပန်းလွယ်တာ၊ နုံးချည့်တာ၊ အသက်ရှူမဝတာ၊ ရင်တုန် တာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုပြဿနာတွေနဲ့ ဆေးရုံ၊ ဆေးခန်းလာပြရင် ဆရာဝန်တွေ က အနည်းဆုံးတော့ ဦးစွာလျှာတို့၊ မျက်ခွံတို့ကို သတိထားစစ်ဆေး တတ်ပါသည်။ လျှာထုတ်ခိုင်းပြီး လျှာရဲ့အရောင်အဆင်းကို အကဲခတ်တာ၊ အောက်မျက်ခွံလေး လက်နဲ့ ဆွဲပြီး ဖြူနေသလားဆိုပြီး စူးစမ်းတာတွေ လုပ်လေ့ရှိပါတယ်။ သံဓာတ်အားနည်းရင် မူးတာ၊ မောတာ၊ ရင်တုန်တာတွေတင်မကဘူး။ အရေပြားမှာလည်း ပြဿနာတွေ တစ်ပုံတစ်ပင်ကြီး ပေးတတ်ပါတယ်။
(၁) ဖြူဖပ်ဖြူရော်
လူမှာ သွေးဆုတ်သွားရင် တစ်နည်းအားဖြင့် သွေးလည်ပတ်မှု အားနည်းသွား ရင် ဖြူဖပ်ဖြူရော် ဖြစ်သွားတာ အားလုံးအသိပါ။ အရေပြားသွေးကြော လေးတွေထဲ မှာ သွေးအားနည်းတဲ့ အခါ သိသိသာသာကို ဖြူသွားပါတယ်။ သွေးပမာဏနည်း လို့ ဖြူသွားသလို သွေးထဲမှာ သံဓာတ်နဲ့ တည်ဆောက်ထားတဲ့ ဟီမိုဂလိုဘင်နည်း သွားရင်လည်း ဖြူသွားတာပါပဲ။ သံဓာတ်အားနည်းရင် နှုတ်ခမ်းနဲ့ လက်ထိပ်လေးတွေ လည်း သိသိသာသာကို ဖြူဖွေးသွားတတ်ပါတယ်။
(၂) ကျီးပါးစပ်နာ
ပါးစပ်ပေါက်ရဲ့ ထောင့်နှစ်ခုမှာ အနာဖြစ်ပြီး နီရဲရောင်ရမ်းနေတာကို ကျီးပါးစပ်နှင့် တူလို့ ကျီးပါးစပ်နာလို့ အရပ်ထဲမှာခေါ်ပါတယ်။ ဆေးပညာဝေါဟာရကတော့ Angular Cheilitis လို့လည်း သုံးကြပါတယ်။ ကျီးပါးစပ်နာဖြစ်တဲ့သူတွေရဲ့ ၂၅ ရာခိုင်နှုန်းက အာဟာရမပြည့်စုံလို့၊ ဗီတာမင်ဘီနှင့် သံဓာတ်ချို့တဲ့လို့ စတာတွေကြောင့် များပါတယ်။
Credit:
ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine, July 2016, Pg. 52-53
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
