ကျန်းမာရေးနဲ့ အရက်၏ ရေရှည်ဆိုးပြစ်များ
25-Feb-2017
အရက်ဟာ အဆိပ်အတောက်ဖြစ်ပြီး ခန္ဓာကိုယ်ကို အများအပြား ဆိုးကျိုးပေးနိုင် ပါတယ်။ အနည်းငယ် သောက်ရင် ငိုက်စေပြီး အိပ်လိုက်နိုးလိုက် ဖြစ်တတ်ပါတယ် ။ ရေရှည် သောက်ခဲ့သော် ဦးနှောက်ပျက်လာပါတယ်။ အရိုးတွေကိုလည်း အားနည်းစေ ပါတယ်။ ကိုယ်ခံအားကို လျော့ပါးစေလို့ အစာအိမ်နာ၊ သရက်ရွက်နာ၊ စိတ်သောကပွားခြင်း ၊ အာဟာရချို့တဲ့ခြင်းများ ဖြစ်တတ်ပါတယ်။ အရက်ဟာ အသည်း အားနည်းအောင် လုပ်နိုင်ပါတယ်။ အသည်းထဲမှာ အရက် ရှိနေခိုက်မှာ အဆီဓာတ်တွေကို ခြေဖျက်ပါတယ်။ အဆီတွေက များပြားလာပြီး မူရင်း အသည်း ကလာပ်စည်းတွေကို ဖယ်ပစ်ပါတယ်။ နှစ်ကြာလာတဲ့အခါ အမာရွတ် ဖြစ်ပြီး အသည်း အဆီဖုံးရောဂါ ရတတ်ပါတယ်။ အသည်းကလာပ်စည်းက လျော့နည်းပြီး အမာရွတ်များရာက သွေးလည်ပတ်မှု ပြတ်ပြီး အသည်းတာဝန် မထမ်းနိုင်ဘဲ နောက် ဆုံး သေရပါတော့တယ်။
နောက် အန္တရာယ်ကတော့ ကင်ဆာရောဂါ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ တစ်နေ့ အရက် သုံးခွက်ထက် ပိုသောက်ရင် ရင်သားကင်ဆာ ၃၀ ရာခိုင်နှုန်း ပိုဖြစ်နိုင် ပါတယ်။ တစ်နေ့ တစ်ခွက် နှစ်ခွက် သောက်ရင် ၁၀ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ တစ်နေ့ သုံးခွက်ထက် ပိုသောက်ရင် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ရှိပါတယ်။ အရက်သောက်လို့ သားအိမ်၊ ပါးစပ်၊ လည်ချောင်း၊ အစာအိမ်၊ သရက်ရွက်နဲ့ အသည်း ကင်ဆာများလည်း ဖြစ်တတ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာကြည်အောင်ထွန်း
Wellness magazine, May 2016, Pg. 88
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
