မိန်းမကိုယ်ရောင်ခြင်း (Bartholin အကျိတ်ပိုးဝင်ခြင်း)
21-Jan-2019
မိန်းမကိုယ်တွင် Bartholin အကျိတ်ဟုခေါ်သော သေးငယ်သော
အရေပြားအောက် အိတ်၂ အိတ်ရှိသည်။ ၎င်းတို့သည် မိန်းမကိုယ်စိုနေအောင် အရည်ထုတ်ပေးသည်။
တစ်ခါတစ်ရံ ပိုးဝင်သွားသဖြင့် အကျိတ်တစ်ဖက် (သို့) ၂ ဖက်စလုံး ရောင်လာနိုင်သည်။
လက္ခဏာများ
• မိန်းမကိုယ်တွင် များသောအားဖြင့် တစ်ဖက်တည်းရောင်ခြင်း။
• ပူခြင်း၊ နာခြင်း၊ အရောင်ပိုရင့်လာခြင်း။
• တစ်ခါတစ်ရံ ရောင်နေသော်လည်း နာကျင်မှုမရှိခြင်း။
STD ကြောင့် အမြဲမဖြစ်သော်လည်း များသောအားဖြင့်
gonorrhea (သို့) chlamydia ဖြစ်လျှင် အကျိတ်ရောင်တတ်သည်။
ကုသမှု
၁။ သန့်ရှင်းသော ရေနွေးပူပူထဲတွင် အဝတ်စကိုနှစ်၍ ၎င်းအား
ရောင်သောနေရာ ပေါ်တွင်အုံပါ။ အပူမလောင် ပါစေနှင့်၊ ရောင်နေသော အနာပေါက်သွားပြီး ပြည်ထွက်လာသည်အထိ
(သို့) အရောင်ကျသည်အထိပြုလုပ်ပါ။
၂၊ သင်နှင့် သင်၏အဖော် နှစ်ဦးလုံး gonorrhea နှင့်
Chlamydia အတွက်ဆေးကုရမည်။
၃၊ အကယ်၍ ဆက်နာနေပြီး ရောင်နေပါက ကျွမ်းကျင်သော ကျန်းမာရေးလုပ်သားအား
ပြသပါ။ အနာခွဲပြီး ပြည်ထုတ်ပစ်ရန် လိုလိမ့်မည်။
Ref: WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား
ပညာပေးရေးအဖွဲ့
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့်
ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄
နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
