ကြို့ထိုးခြင်း၊ နှာချေခြင်းနဲ့ မျက်ရည်ကျခြင်း ရပ်စေဖို့ ဘယ်လိုလုပ်မလဲ
18-Jan-2019
လူ့ခန္ဓာကိုယ်ဆိုတာ အပြစ်အနာအဆာနဲ့ အစိတ်အပိုင်းများစွာ
ဆက်စပ်ပါဝင်တဲ့ ယန္တယားတစ်ခုပဲ ဖြစ်ပါတယ်။ အချိန်နဲ့အမျှ လုပ်ငန်းဆောင်ရွက်မှု တချို့ဖြစ်ပေါ်လာပေမယ့်
ဒါတွေကို ကျွနု်ပ်တို့ ထိန်းချုပ်နိုင်မယ်လို့ ယူဆကြပါတယ်။ နှာချေခြင်း၊ ကြို့ထိုးခြင်းနဲ့
မျက်ရည်တွေကို ရပ်တန့်စေနိုင်တဲ့ နည်းလမ်းအချို့ရှိပါတယ်။
၁။ ကြို့ထိုးခြင်း
နားရွက်တွေ ဆို့နေစဉ် ရေအနည်းငယ် သောက်ပါ။ ကြို့ထိုးတာ
မရပ်သေးပါက လျာကို အပြင်ထုတ်ပြီး အဖျားလေးကို ဖိပေးပါ။ ဒီနည်းဖြင့် အာရုံကြော လှုံ့ဆော်စေပြီးရင်
ဝမ်းခြားကြွက်သားကို စေ့ဆော်ပေးပါလိမ့်မယ်။
၂။ မျက်ရည်
ခေါင်းမော့ပြီး စက္ကန့်အနည်းငယ် အသက်တင်းတင်း ရှူပါ။ နောက်
တဖြည်းဖြည်းချင်း အသက်ရှူထုတ်ပါ။ လက်မနဲ့ လက်ညိုးနှစ်ချောင်းဖြင့် နှာခေါင်းကို နှိပ်နယ်ပေးနိုင်ပါတယ်။
ဒီနည်းနဲ့လည်း မျက်ရည်ယိုခြင်းကို ကာကွယ်နိုင်တယ်။
၃။ နှာချေခြင်း
နှာချေခြင်းကို ချုပ်တည်းထားလို့ မရပါဘူး။ တစ်ဆက်တည်း
အကြိမ်ကြိမ် နှာချေရပါတယ်။ နှာချေခြင်း ထိန်းချုပ်ဖို့အတွက် လုပ်ပေးရမှာက အာခေါင်းအပေါ်ပိုင်းကို
လျာနဲ့ထိုးပေးရင်း နှာခေါင်းရိုးကို နှိပ်နယ်ပေးရမှာပဲ ဖြစ်ပါတယ်။
Ref: TrendMyanmar
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

