ခရုသင်းဝေဒနာရှင်များအတွက် ကောင်းကျိုးဖြစ်စေသော အစားအသောက်များ
22-Dec-2018
အိုမီဂါ-၃ အဆီများသည် ခရုသင်းဝေဒနာရှင်များနှင့် သင့်လျော်ပါသည်။ လွတ်လပ်သော ဓာတ်တိုးပစ္စည်းများကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်သော carotenoid များသည်လည်း ခရုသင်းဝေဒနာရှင်များကို အကျိုးပြုနိုင်ပါသည်။ Quercetin ဆဲလ်များကို အားကောင်းသော oxidative stress များမှလည်း ကာကွယ်ပေးနိုင်သည်။ Quercetin သည် ပန်းသီးနှင့် ကြက်သွန်နီများတွင် အများဆုံးပါဝင်သောကြောင့် ၎င်းတို့သည် ခရုသင်းဝေဒနာရှင်များနှင့် သင့်လျော်ပါသည်။ကြက်သွန်နှီများတွင်thiol များလည်း ပါဝင်ပြီး ၎င်းတို့သည်လည်း oxidative stress ကို တားဆီးပေးပါသည်။
Crimini မှိုများသည် ကော်ဖီရောင်ရှိပြီး ပုံမှန်မှိုပွင့်ဖြူများထက်
အနံ့အရသာနှင့် ပြည့်စုံပြီး အာဟာရဓာတ် ပါဝင်မှုများပါသည်။ Crimini မှိုများတွင် ဆီလီနီယမ်၊
ဗီတာမင် ဘီ ၂၊ ဗီတာမင် ဘီ ၃ ၊ ဗီတာမင် ဘီ ၅၊ သွပ် (zine) နှင့် ကြေးဓာတ် (copper) ပါဝင်မှုများပါသည်။ ဤဓာတ်များသည်လည်း oxidative stress ကို ကာကွယ်ရာတွင်
အရေးပါပါသည်။ မှိုများတွင် L-ergothioneine ခေါ် antioxidant တစ်မျိုးလည်း
ပါဝင်ပြီး ၎င်းသည်လည်း oxidative stress ကို ကာကွယ်ပေးပါသည်။ ကြက်အသည်းနှင့်
ဂျုံအညှောင့်(wheat germ) တို့တွင်လည်း L-ergothioneine ပါဝင်ပါသည်။မှိုများသည်
သွေးအတွင်းရှိestrogen ပမာဏကို အလွန်မများစေအောင် တားဆီးပေးပါသည်။
ထို့ကြောင့် မှိုများသည် ရင်သားကင်ဆာ မဖြစ်အောင်တားဆီးရာတွင် အကူအညီပေးနိုင်ပါသည်။
Whey ခေါ် ဒိန်ရည်ကြည်သည် ပရိုတင်းများပါသော နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး
ကျန်းမာရေးအတွက် ကောင်းကျိုးများ ပေးနိုင်ပါသည်။ Whey ခေါ် ဒိန်ရည်ကြည်တွင် ပါဝငါသော
lactoferrin lactoperoxidase lactalbumin တို့သည်လည်း anti-oxidant များဖြစ်ပါသည်။
ထို့ကြောင့် ခရုသင်းဝေဒနာရှင်များသည် Whey ခေါ် ဒိန်ရည်ကြည်ကို စားသုံးခြင်းဖြင့် ကောင်းကျိုးများ
ရရှိနိုင်ပါသည်။ လူများနှင့်ပြုလုပ်သော လေ့လာမှုများအရ Whey ခေါ် ဒိန်ရည်ကြည်သည် မှတ်ဉာဏ် ကို တိုးတက်စေပြီး
ကိုယ်စိတ်ဖိစီးမှုခံနိုင်ရည်ကို တိုးစေသည်ဟု ယူဆကြပါသည်။ ထို့ကြောင့်
Whey ခေါ် ဒိန်ရည်ကြည်သည် ခရုသင်းရောဂါကိုသာမက ၎င်းနှင့်တွဲ၍ ဖြစ်တတ်သော စိတ်ဖိစီးမှုကိုပါ
သက်သာစေနိုင်ပါသည။
Ref:
ဒေါက်တာခိုင်ခိုင်ဇော်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
