ဆေးမင်ထိုးခြင်း၏ အန္တရာယ်များ
25-Feb-2017
ဆေးမင်ထိုးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ အန္တရာယ် နှစ်ခု ရှိပါတယ်။ ရောဂါပိုး ကူးစက်ခြင်းနှင့် ဓာတ်မတည့်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ အပ်နဲ့ကိရီယာတွေကိုသုံးမိရင်HIVပိုး၊အသည်းရောင်အသားဝါစီပိုးလိုမျိုး သေနိုင် လောက်တဲ့ကူးစက်ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။အရေးကြီးဆုံးတစ်ခုကို အထူးသတိပေးရရင် ဒီနေ့ခေတ်မှာ အပ်ကို သီးသန့်သုံး ရမယ်ဆိုတဲ့ အသိက လူအားလုံးနီးပါးမှာ ရှိနေကြပါပြီ။ ဆေးမင်ထိုးရင်လည်း ကိုယ့်အပ် နဲ့ကိုယ်ပဲ ထိုးကြပါတယ်။ ဒါပေမဲ့ ဖျော်ထားတဲ့ မင်ခွက်ကိုတော့ တစ်ယောက်ပြီး တစ်ယောက်ထိုးနေတာ မြင်နေရပါတယ်။ ဒါဟာ အပ်အတူတူမျှသုံးတာနဲ့ ဘာမှမထူး ပါဘူး။ ထိုးပြီးသွားလို့ ဒဏ်ရာသန့်ရှင်းအောင်ထားပြီး စနစ်တကျ ကုသမှု မရှိရင်လည်း အရေပြား ကူးစက်ရောဂါတွေ ဝင်လာကာ အနာရင်းပြီး ဆေးမင်ကြီးတွေ ကြီးသလောက် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။
နောက်တစ်ခု သတိထားဖို့က သွေးကြောကြီးတွေနဲ့ နီးတဲ့ထိနိုင်တဲ့နေရာတွေ (ဥပမာ-လက်ဖမိုး၊ လည်ပင်းဘေး စသည်) မှာ ထိုးရင် သွေးကြောပေါက်ပြီး ပိုးဝင် သွားနိုင်ပါတယ်။ ဒီလို ကူးစက်မှုက အရမ်းကို အန္တရာယ်ရှိလို့ အရေပြားပါးပြီးသွေးကြောကြီးများနဲ့ တိုက်ရို်က်ထိတွေ့မှုရှိတဲ့ နေရာတွေမှာ ဆေးမင်ထိုးခြင်းမလုပ်သင့်ပါဘူး။ လူအချို့ကျတော့ တက်တူးမင်နဲ့ဓာတ်မတည့်လို့အလာ့ဂျစ်ဖြစ်ကြပါတယ်။ အထူးသဖြင့် လူအများစုနဲ့ မတည့်တာ အနီရောင်မင်ဖြစ်တယ်လို့ နာမည်ကျော် တက်တူးဆရာတစ်ဦးက ပြောပြဖူးပါတယ်။ ဓာတ်မတည့်ခြင်းဟာ ပြင်းထန် ရင် ဆေးမင်နေရာတစ်ခုတည်း မဟုတ်ဘဲ တစ်ကိုယ်လုံးခံစားရတဲ့အထိ ပြင်းထန် တတ်ပါတယ်။ ဒါကြောင့် ဆေးမင်ထိုးထားတဲ့ ဒဏ်ရာက ဝေဒနာတစ်ခုခုပေါ်လာရင် ဆရာဝန်နဲ့ မဖြစ်မနေပြဖို့ စထိုးပြီဆိုကတည်းက သတိရှိပါစေ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဆက်ပိုင်လင်းခန့် (ဆေး-၂)
Ziwaka magazine, December 2015, Pg.69-70
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
