နှာစေးခြင်း၊ နှာပိတ်ခြင်းများအတွက် အိမ်တွင်းကုထုံးများ
25-Feb-2017
ပန်းသီးအရက်ရှာလကာ
Apple Cider Vinegar လို့ခေါ်တဲ့ ပန်းသီးအရက် ရှာလကာဟာ ပိတ်ဆို့နေတဲ့ အချွဲတွေကို တဖြည်းဖြည်း ပါးသွားစေပါတယ်။ ရေနွေးနွေးတစ်ခွက်ထဲမှာ ပန်းသီး ရှာလကာနှစ်ဇွန်း၊ ပျားရည်တစ်ဇွန်းထည့်ထားတဲ့ ဖျော်ရည်ကို တစ်နေ့နှစ်ကြိမ်မှ သုံးကြိမ် သောက်ပေးနိုင်ပါတယ်။
ရေနွေးငွေ့ရှူပေးခြင်း
ရေနွေးငွေ့တွေကို တချို့က ပါးစပ်နဲ့ အသက်ရှူသွင်းပြီး နှာခေါင်းကနေ အသက်ပြန်ရှူ ထုတ်တတ်ပါတယ်။ အဲဒီအခါ ရေနွေးငွေ့တွေက အဆုတ်ထဲကို ဖြတ်သန်း သွားပြီး နှာခေါင်းပေါက်ထဲက အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့အချွဲတွေကို ပါးသွားစေပြီး နှာပိတ်တာ သက်သာသွားစေပါတယ်။ ဒါပေမယ့် ရေနွေးငွေ့တိုင်း မရှူရပါဘူး။ ရေနွေးဆူဆူထဲကို Ajwain လို့ခေါ်တဲ့ Carom Seed ကို ကြိတ်ချေထားတဲ့ အမှုန့်ကိုထည့်ပြီးမှ အဲဒီအငွေ့ကို ရှူရတာဖြစ်ပါတယ်။ နှာစေးနှာပိတ်ပျောက်လို့ အသက်ရှူလွယ်ကူ ပွင့်လန်းကြပါစေဗျာ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
စောနွဲ့နေဆိုင် (ပူတာအို)
Health for all magazine, march 2016, No. 110, Pg. 121

