အစာနင်ခြင်း
07-Nov-2018
အသက်မရှူနိုင် - မမြိုနိုင်ဖြစ်နေ မနေ မေးပါ။ ရေ စသည်အသောက် မခိုင်းရ၊ အမေးကို မဖြေနိုင်ဘဲ လက်ဟန် ခြေဟန်နှင့် ပြပါက အရေးကြီးနေပြီ။ မျက်နှာပြာလာမည်။ အသက်မရှူနိုင်တော့ ဝမ်းဗိုက်အား ချောင်းဆိုးတာစေရန် ပြုလုပ်ပေးသည့် နည်းသုံးပါ။ လျှင်မြန်စွာဝမ်းဗိုက်အား အထက်ဆီသို့ တွန်းတင်ပေးခြင်း ဖြစ်သည်။ လူနာအားရှေ့သို့ အနည်းငယ် ကိုင်းထားပါ။ လူနာ၏ နောက်မှနေ၍ မိမိလက်တဖက်အားလက်သီးဆုပ်ပါ။ အခြားလက်က လက်သီးဆုပ်ထား သောလက်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပါ။ ၎င်းလက်များကို လူနာ၏ နံရိုးများ၏ အောက်နားတွင်ထား ပါ။ ကျောမှ လက်ဖနောင့်ဖြင့် ၅ ချက်ပုတ်ပါ။ ထို့နောက် နောက်ကျောနေရာယူ၍ လက်နှစ်ဖက်ကိုယှက် ပြီး ရင်ညွှန့်အောက်မှ အပေါ်ကို ပင့်တင်သည့်နည်းသုံးပါ။ ၅ ကြိမ်ပြုလုပ်ပါ။ ဆို့နေသောအရာ မထွက်မချင်းပြုလုပ်ပါ။
လျှင်မြန်စွာဖြင့် မိမိလက်နှစ်ဖက်အား အထက်နှင့်အတွင်းဖက်သို့
တွန်းတင်လိုက်ပါ။ လူနာသည် ချောင်းဆိုးထုတ်လိုက်မည်။ အသက်ပြန်ရှူလာ
သည်အထိ ထပ်လုပ်ပါ။ လူနာက သတိလစ်နေလျှင် ပက်လက်လဲနေပါစေ ။ လူနာ၏အနီး ဒူးထောက်၍ထိုင်ပါ။ မိမိ၏ လက်ဖနောင့်အား လူနာ၏ ဝမ်းဗိုက်၊ နံရိုးများအောက်နားတွင်တင်၍ မိမိ၏ နောက်လက် နှစ်ဖက်ကို ထပ်ကာ အတွင်းနှင့် အထက်ဆီသို့ဖိပေးပါ။ ၅ ကြိမ်လုပ်ပေးပါ။ လိုအပ်လျှင် (စီပီအာရ်) လုပ်ပါ။
Ref:
Myanmar First Aid
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
