ရင်တုန်ခြင်းအတွက် အိမ်တွင်းကုထုံး
25-Feb-2017
ရင်တုန်တာအများစုက ဘာဒုက္ခမှ မပေးနိုင်ဘဲ သူ့အလိုလိုပျောက်ကင်း သွားတတ်ပါတယ်။ ဒါပေမယ့် မကြာခဏ ရင်တုန်နေတတ်ရင်တော့ နှလုံးအထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရင်တုန်တာပျောက်ကင်းဖို့အတွက် အောက်ပါနည်းလမ်းတွေ ကို အသုံးပြုပေးပါ။
၁။ အသက်ပြင်းပြင်းနှင့် နှေးနှေးရှူခြင်း
နှာခေါင်းမှတစ်ဆင့် အသက်ရှူကာ အဆုတ်အတွင်းသို့ လေဖြည့်ပြီး ဝမ်းဗိုက်ကို ချဲ့ကားပါ။ စက္ကန့်အနည်းငယ် အသက်အောင့်ထားပြီး ပါးစပ်မှတစ်ဆင့် လေရှူထုတ်ပါ။
၂။ ချောင်းဆိုးလိုက်ပါ
နှလုံးခုန်မြန်တာ ရပ်တန့်ဖို့အတွက် ဆက်တိုက် ချောင်းဆိုးပေးပါ။ ဒီလို လုပ်တာကြောင့် ရင်ဘတ်အတွင်း ဖိအားသက်ရောက်မှုများကာ နှလုံးကို ပုံမှန်နှုန်းအတိုင်း ခုန်အောင် တွန်းအားပေးသလို ဖြစ်သွားပါတယ်။
၃။ ရေခဲရေသောက်ပါ
သင့်နှလုံးခုန်သံက ပုံမှန်ထက် ပိုမြန်လွန်းရင် ရေခဲရေတစ်ခွက် သောက်လိုက် ပါ။ ရေဓာတ်ဆုံးရှုံးမှုများတာကြောင့်လည်း နှလုံးခုန်နှုန်းမြန်နိုင်တဲ့အတွက် ရေဓာတ်ပြန် လည်ဖြည့်တင်းတာကလည်း ရင်တုန်သက်သာစေပါတယ်။
၄။ မျက်နှာကို ရေခဲရေဖြင့် ဖျန်းလိုက်ပါ
ရေခဲရေ သောက်တဲ့အပြင် မျက်နှာကို ရေခဲရေ ဖျန်းလိုက်တာက အာရုံကြော စနစ်ကို တပ်လှန့်လိုက်သလိုဖြစ်ပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်သွားအောင် ထိန်းချုပ်လိုက် သလို ဖြစ်သွားပါတယ်။
၅။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
နှလုံးခုန်နှုန်းပုံမှန်ဖြစ်နေချိန်မှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ ကခုန်တာ၊ စက်ဘီးစီးတာ၊ ကြက်တောင်ရိုက်တာ၊ ဒါမှမဟုတ် ဘတ်စကတ်ဘောကစားတာ လိုမျိုး နှလုံးသွေးကြော ကောင်းမွန်စေနိုင်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Good Health Jurnal
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
