ဘီယာကို အတန်အသင့်သောက်သုံးပါက နှလုံးခုန် ရုတ်တရက်ရပ်သွားခြင်းမျိုးကို...
25-Feb-2017
သာယာလှပပြီး အပူအပင်လည်းကင်းတဲ့ နေ့လေးတွေမှာ ဘီယာသောက်လိုက် ရရင်တော့ အရမ်းကို ဇိမ်ရှိနေမှာပေါ့။ တစ်နေ့ကို ဘီယာတစ်ပိုင့်သောက်တာဟာ နှလုံး အတွက် ကောင်းတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ဘီယာအလွန်အကျွံသောက်တာဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပေမယ့် အတန်အသင့်သောက်သုံးတာ ကတော့ နှလုံးရောဂါဖြစ်နိုင်ခြေ နဲ့ သွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို လေးပုံတစ်ပုံ လျှော့ချပစ်ပေးနိုင်ပါတယ်ဆိုတဲ့အချက်ကို သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဘီယာထဲမှာ အရက်နဲ့တခြား ဓာတုတွေပါတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနှင့် သွေးလွှတ်ကြောနှင့်ဆိုင်တဲ့ ရောဂါတွေကို လျှော့ချပေးပစ်နိုင်တာပါ။ လေ့လာချက်ပေါင်း ၁၅၀ ကို သူတို့ပြန်လေ့လာသုံးသပ် ခဲ့ကြတာပါ။
ဒီတော့ ဘီယာတစ်ပိုင့်သောက်ရင် နှလုံးကို အကာအကွယ်ပေးနိုင်ပြီး အသက်ကြီး ရင် မှတ်ဉာဏ်စွမ်းရည် လျော့ကျနိုင်ခြေ၊ ကင်ဆာဖြစ်နိုင်ခြေတို့ကိုလည်း မမြင့်တက်စေ ဘူးလို့ သုတေသီတွေက ကောက်ချက်ဆွဲလိုက်ပါတယ်။ ဒါပေမဲ့ အတန်အသင့် သောက် သုံးတာကတာ ဒီလိုအကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ သုတေသီတွေက တွင်တွင်သတိပေး သွားခဲ့ပါတယ်။ ဘီယာကို အလွန်ကျွံသောက်တာဟာ လူ့ခန္ဓာကိုယ်ကို အကြီးအကျယ်ဘေးဖြစ်စေတာ အားလုံးအသိပါပဲ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ချယ်ရီ
Good Health Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

