ကျန်းမာရေးအတွက် ဂွမ်းကပ်များမကြာခဏ လျှော်ပေးသင့်
25-Feb-2017
ကျန်းမာရေးအတွက် ဂွမ်းကပ်များကို မကြာခဏလျှော်ပေးသင့် ဂွမ်းကပ်ကို မကြာခဏလဲ ပေးသင့်သည်မှန်းသိကြသော်လည်း ဂွမ်းကပ်ကို ဘယ်နှစ်ကြိမ်လျှော်သင့်လဲ ဆိုသည့်အချက်ကို အများစု မသိကြဘဲ ဗြိတိန်နိုင်ငံတွင် စစ်တမ်းကောက်ယူမှုအရ ၉၇ ရာခိုင်နှုန်းက ဂွမ်းကပ်နှင့်အိပ်သော်လည်း ၂ဝရာခိုင်နှုန်းက လုံးဝလျှော်ဖွပ်ခြင်း မပြုကြ ဟုသိရသည်။ဂွမ်းကပ်များကို ဖုန်မှုန့်အရွယ်အစားသာရှိသော ပိုးကောင်လေးများက လှုပ်ရှားသွားလာနေ တတ်သည်။
ဂွမ်းကပ်ကို လုံးဝလျှော်ဖွပ်ခြင်း မရှိသူများကဲ့သို့ အချို့ကလည်း တစ်နှစ် တစ်ခါ လျှော်လေ့ရှိသည်။သုတေသီများက အိပ်ခန်းသန့်ရှင်းရေးနှင့် ပက်သက်လာလျှင် အမျိုးသားများက အမျိုးသမီးများထက် ပို့သန့်ရှင်းတတ်သည်ဟု ဆိုကြသည်။ အမျိုးသမီး များက ဂွမ်းကပ်များကို ဝယ်ယူပြီးသည့်အချိန်မှစ၍ လျှော်ဖွပ်ခြင်းမရှိကြတော့ဘဲ ညစဉ် ညတိုင်း လူခန္ဓာကိုယ် မှထွက်သည့်ချွေးနှင့် အညစ်အကြေးများက ကပ်ညိကျန်နေ ခဲ့တတ်သည်။
ဂွမ်းကပ်များကို လျှော်ဖွပ်ခြင်း မပြုလုပ်သည့်အကျင့်သည် အသက်ကြီးသည့် တိုင်အောင် ပျောက်ပျက်သွားခြင်း မရှိနိုင်ဘဲ လျှော်ဖွပ်ခြင်း မရှိဘဲ အသုံးပြုနေသည့် ဂွမ်းကပ်များကြောင့်လည်း ကျန်းမာရေးကိုဆိုးဝါးစွာ ထိခို်က်နိုင်သည်။ ဥပမာ အားဖြင့် ဓာတ်မ တည့်သည့်ရောဂါများနှင့် ပန်းနာရင်ကျပ်ရောဂါကဲ့သို့သော အသက်ရှူကျပ် သည့်ရောဂါများကို ပိုမိုဆိုးရွာလာစေနိုင်ခြင်း ဖြစ်သည်ဟုသိရသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Good Health
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
