ကိုက်ခဲခြင်းဝေဒနာများအတွက်
25-Feb-2017
၁။ ရေကူးခြင်း
လမ်းလျှောက်တာက ကြောရိုးကြွက်သားတွေကို ပိုမို ဆွဲဆန့်သလို ဖြစ်တာမို့ နာကျင်တတ်ပါတယ်။ ရေကူးတာကတော့ အကောင်းဆုံးပါပဲ။ ပညာရှင်များက လည်း ထောက်ခံကြပါတယ်။ ရေကူးခြင်းဟာ ကြွက်သားများကို ပြေလျော့သွားစေပါတယ်။ တင်းနေတဲ့ ကြွက်သားတွေ၊ အကြောတွေကို ဖြည်းညင်းစွာနဲ့ ပျော့သွားစေပါတယ်။
၂။ ရေချိုးပါ
Relaxing bath ခေါ် Hot tub ရေချိုးကန်ထဲမှာ ရေနွေးနဲ့ ရေချိုးခြင်း ဖြစ်ပါတယ်။ ကိုယ်ကို ဆန့်နေအောင်ထားပြီး ရေစိမ်ရေချိုးတာ ဖြစ်ပါတယ်။ တင်းနေတဲ့နေရာတွေကို မိမိကိုယ်တိုင် ထိတွေ့ကိုင်တွယ် ဆေးကြောပေးရပါတယ်။ ရေပူစမ်းလို နေရာမျိုးဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။
၃။ Stretching
ခါးနာနေတဲ့ နေရာဆိုတာ တင်းကျပ်နေတာ၊ တောင့်တင်းနေတာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်နေတဲ့ ကြွက်သားတွေ၊ အရွတ်အကြောအမျှင်တွေကြောင့် နာကျင်နေရ တာ ဖြစ်ပါတယ်။ အဲဒီနေရာကို သက်သာစွာပြန်လည် ဆန့်ထုတ်ပေးဖို့ ဖြစ်ပါတယ်။ အိပ်ရာထူထူမှာ ဆန့်ဆန့်အိပ်၊ ခြေတွေကိုဆန့်ထုတ်ပေးမြှောက်တဲ့ လေ့ကျင့်ခန်း မျိုး ယောဂနဲ့ အခြားအလားတူ လေ့ကျင့်ခန်းမျိုးတွေ လုပ်နိုင်ပါတယ်။
၄။ အအေး၊ အပူကပ်ပါ
ခါးနာတဲ့နေရာကို ပထမ ၂၄ နာရီမှာ ရေခဲကပ်နိုင်ပါတယ်။ အအေးဓာတ်ကြောင့် ထုံကျဉ်စေပြီး ကြွက် သားတွေကို နေရာရွေ့နေရင် မူလနေရာဆီ ပြန်ရောက်စေနိုင်ပါတယ်။ ရွဲ့စောင်းသွား ရင် ပြန်တည့်သွားစေပါတယ်။ ရေခဲကပ်ရင် မိနစ် ၂၀ ခန့်သာ ကပ်သင့်ပါတယ်။ ကြာကြာကပ်ထားရင် အအေးဓာတ်ကြောင့် ကြွက်သားတွေ လောင်ကျွမ်းသွားနိုင်လို့ပါ။ နောက်ပိုင်း တစ်နာရီ ကြာတိုင်း ရေနွေးအိတ်ကပ်ပေးနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Health for all magazine, No.110, March 2016, Pg. 79
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
