အရက်နာကျတာ သက်သာအောင်
25-Feb-2017
တစ်ခါတလေမှာ အသောက် အ စားများသွားလို့ နေမထိ ထိုင်မသာ ဖြစ်ပြီး အရက်နာကျသူတွေ သက်သာစေမယ့်နည်းလမ်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဂေါ်ဖီထုပ်ချဉ်
အချဉ်တည်ထား တဲ့ ဂေါ်ဖီထုပ်ကို စားပေးတာဟာ အရက်နာကျတာကို သက်သာစေတယ်ဆိုရင် အံ့သြကြမလား။ ဟုတ်၊ မဟုတ် စမ်းဖို့အတွက် ဂေါ်ဖီချဉ် အရင်တည်ထားဖို့တော့ လိုပါတယ်။
ကညွတ်
ကညွတ်စားပေးတဲ့အ ခါ အရက်နာကျတဲ့ဒဏ်ကြောင့် ပျို့အန်ချင်တာ ၊ ခေါင်းကိုက်တာ နဲ့ အင်အားချည့်နဲ့ ထိုင်းမှိုင်းတာ တွေကို သက်သာစေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း
အပြေး လေ့ကျင့်ခန်းယူတာမျိုး၊ ယောဂ ဒါမဟုတ် အေရိုးဗစ်လေ့ကျင့်ခန်း လေး လုပ်ရင် ချွေးများများ ထွက်၊ သွေးလည်ပတ်မှုကောင်းပြီး တက်ကြွလန်းဆန်းအောင် ပြန် လုပ်လို့ ရပါတယ်။
ဂျပန်ဆီးသီးခြောက်
အရက်နာ ကျတာကို အ့ံသြလောက်အောင် သက်သာစေတာက ဂျပန်ဆီးသီး ခြောက်ပါတဲ့။
ချင်း
အရက်နာကျပြီး ခေါင်း ကိုက်၊ အော့အန်နေထိုင်မကောင်း သူတွေအတွက် ချင်းက မရှိမဖြစ် တဲ့ အရာပါ။ ချင်းလက်ဖက်ရည် ဒါမှမဟုတ် ချင်းသကြားလုံးလို မျိုး စားပေးနိုင် ပါတယ်။
သစ်သီးဖျော်ရည်
လိမ္မော်သီး ဖျော်ရည် ဒါမှမဟုတ် ဘယ်အသီး ဖျော်ရည်မဆို အရက်နာကျတာ သက်သာစေပြီး အထူးသဖြင့် ဗီတာမင်စီများများပါတဲ့ အသီး ဖျော်ရည်တွေက ပိုပြီးမြန်မြန် သက်သာစေပါတယ်။
ကိုကာကိုလာ
ရေခဲပြီး ရှတတ ကိုကာကိုလာကို သောက်ပေး တဲ့အခါ ခေါင်းကိုက်တာတွေနဲ့ ကတုန်ကယင်ဖြစ်တာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
ဝက်ပေါင်ခြောက်နဲ့ ကြက်ဥ
အစားနဲ့ ကုစားချင်တယ်ဆိုရင်တော့ ဝက်ပေါင်ခြောက်လေးနဲ့ ကြက်ဥ စားပေးတာ ဟာ အကောင်းဆုံး နည်းလမ်းလို့ သိရပါတယ်။
ခရမ်းချဉ်သီးဖျော်ရည်
ခရမ်းချဉ် သီးဖျော်ရည်ထဲကို စပျစ်သီး၊ ရှလကာရည်လက်ဖက်ရည် ဇွန်းသုံးဇွန်း၊ သံပရည်အနည်းငယ်၊ ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် လေး ခပ်သောက်တဲ့ အခါ မြန်မြန် သက်သာစေတယ်လို့ ဆိုပါတယ်။
ရေ
အကုန်အကျ အနည်းဆုံး ကုစားနည်းကတော့ ရေများများ သောက်တာ ပါပဲ။ ရေဓာတ်ပြည့်ဝ အောင် လုပ်ဆောင်ခြင်းဖြင့် ခန္ဓာ ကိုယ်ထဲက မလိုအပ်တဲ့ အဆိပ် အတောက်တွေကို ဖယ်ရှားပေးလို့ပဲ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: healthypanda
7daydaily.com
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
