ခါးနာကြသူများအတွက်
25-Feb-2017
ခါးနာရောဂါအတွက် လူတိုင်းလုပ်သင့်တဲ့ ကြိုတင်ကာကွယ်နည်း အချို့ကို တင်ပြလိုက်ပါတယ်။
၁။ ကျန်းမာရေးနှင့် ညီညွတ်တဲ့အစားအစာများစားပါ။ သင့်တင့်တဲ့ ကိုယ်အလေးချိန်မှာ ရှိနေစေဖို့ ဆောင်ရွက်ပါ။ မိမိကိုယ်အလေးချိန်ကို ထိန်းထားပါ။
၂။ Active Living သွက်လက်စွာ လှုပ်ရှားသွားတတ်တဲ့ အလေ့အကျင့် ပျိုးထောင်ပါ။ လမ်းလျှောက်ပါ။ လှေကားတက်ပါ။ စက်ဘီးစီးပါ။
၃။ အချိန်ကြာကြာ ထိုင်နေတာ၊ အိပ်နေတာမျိုး မလုပ်ပါနဲ့။ သွားလာလှုပ်ရှားနိုင် သလောက် လှုပ်ရှားသွားလာပါ။
၄။ လေ့ကျင့်ခန်း တစ်ခုခုမလုပ်မီ အကြောအခြင်၊ အရိုးအဆစ်များ သွေးပူ၊ ဆန့်ထွက်လာအောင်နဲ့ စိတ်ကြည်နူးစေအောင် ပန်းဥယျာဉ်စိုက်ပျိုးမှုမျိုး လုပ်ပါ။
၅။ ထိုင်တဲ့အခါ Proper posture သင့်တင့်တဲ့ အနေအထားမှာ ထိုင်တတ်အောင်ဆောင်ရွက်ပါ။
၆။ ခါးရိုးရဲ့ အကွေး Spine curve နဲ့ သင့်တော်တဲ့ မမာလွန်း၊ မပျော့လွန်းတဲ့ အိပ်ရာကိုသုံးပါ။
၇။ သင့်တင့်တဲ့ ဖိနပ်စိးပါ။ ခွာမြင့်ဖိနပ်များ အမြဲမစီးသင့်ပါ။
၈။ အလေးအပင်များကို သတိပြု မ, ပါ။
၉။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ကြောင့် သွေးလှည့်ပတ်မှုနည်းသွားပြီး ခါးရိုးများမှာ အောက်ဆီဂျင် အရနည်းသွားတတ်ပါတယ်။
၁၀။ ကွန်ပျူတာကို အချိန်ကြာသုံးရရင် လိုအပ်တဲ့ အချက်တွေကို တတ်ကျွမ်းသူများနှင့် တိုက်ပင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Health for all magazine, No.109, February 2016, Pg. 27
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
