ခါးနာခြင်းပြဿ နာ
25-Feb-2017
လူ့ခန္ဓာကိုယ်တွင် ခါးသည် ဗဟိုချက်မတွင်ရှိပြီး လှုပ်ရှားမှုအားလုံးသည် ခါးနှင့် ဆက်စပ်လျက်ရှိသည်။ သို့ဖြစ်၍ ခါးသည် ခန္ဓာကိုယ်၏ အရေးပါသော အစိတ်အပိုင်း တစ်ခုပင်ဖြစ်သည်။ စာရှုသူ အများစုသည် တစ်ကြိမ်မဟုတ်တစ်ကြိမ် အကြောင်း အမျိုးမျိုးကြောင့် ခါးနာသည့်ဝေဒနာကို ခံစားဖူးကြမည်ဖြစ်ရာ ခါးနာလျှင် အနေအထိုင်၊ အသွားအလာ မည်မျှခက်ခဲသည်ကို ကြုံဖူးကြပါလိမ့်မည်။ ယုတ်စွအဆုံး တပိုတပါး သွားရန်ပင် အခက်အခဲ ဖြစ်ကြသည်။
ယခင်က ခါးနာရသည့် အဓိကအကြောင်းတွင် ပစ္စည်းအလေးအပင်များကို ပုံစံတကျ ချီမသယ်ပိုးခြင်း မပြုသဖြင့် ဖြစ်နိုင်ကြောင်း သိထားခဲ့ရာ ယခုအခါတွင်မူ အထိုင်များသူများ၊ အထိုင်ပုံစံမကျသူများ၌ အဖြစ်များကြောင်း သိရှိလာကြသည်။ သို့ဖြစ်၍ စာရှုသူများသည် ခါးနာဝေဒနာမှ ကင်းဝေးစေရန်အတွက် “အထိုင်” ကု္ကရိယာပုတ်ဖြင့်သာ အချိန်မကုန်စေဘဲ ရပ်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကိုလဲ မျှတစွာနေထိုင်သင့်သည်။ “ထိုင်” နေပါကလည်း အတတ်နိုင်ဆုံး ခါးနာသည့်အန္တရာယ်မှ ကင်းဝေးစေသည့် ပုံစံမျိုးဖြင့်သာ “ထိုင်” သင့်ပါကြောင်း စေတနာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နှလုံးလှ
Health for all magazine, No.106, November 2015, Pg. 60
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
