ခွဲစိတ်ရန် မလိုဘဲ ခါးနာခြင်းကိုကုသခြင်း
02-Sep-2018
ခေတ်မီတိုးတက်တဲ့ နည်းများထဲမှာ ထိရောက်တဲ့ ကုသခြင်းတစ်ခုကို တင်ပြလို ပါတယ်။ အဖြစ်များတဲ့ Lumbar hernia ခေါ် ခါးရိုးကျွံခြင်းအတွက် Spinal traction ခေါ် လေထိုးသွင်းနိုင်တဲ့ နေရာပါဝင်ပြီး ရောဂါဖြစ်နေတဲ့ ခါးရိုးဆစ်တွေအပေါ် ဖိအားသက်ရောက်စေကာ ဆန့်ထုတ်ခြင်းလည်း ဖြစ်ပါတယ်။ ခါးရိုးအမှတ် ၁ မှ ၈ အကြား အဆစ်တစ်ခုစီမှာ ၃ မီလီမီတာ ဆွဲ့ဆန့်အား သက်ရောက်စေပါတယ်။ ခါးဆစ်များ အကြားကို ဖိအားသက်ရောက်စေကာ ပုံမမှန်တဲ့ အဆစ်တွေကြောင့် နာကျင်မှုတွေ ကို ပျောက်ကင်းစေပါတယ်။
အသုံးပြုရမည့် အချိန်များ
လူနာအများစုတို့က Disk Dr.ကို တစ်နေ့ပျှမ်းမျှ ၃ နာရီမှ ၆ နာရီအထိ သုံးကြပါ တယ်။ ၅၀ ရာခိုင်နှုန်းက ၆ နာရီမှာ ၁၂ နာရီအတွင်း သုံးကြပြီး အလုပ်လုပ်ချိန် နားနေ ချိန်တွေမှာပါ သုံးတာဖြစ်ပါတယ်။ အချို့ကတော့ ဒါကိုသုံးရတာ တင်းကျပ်တယ် လို့ ပြောကြပါတယ်။ ဒါပေမဲ့ အများစုကတော့ နေ့စဉ်သုံးရင်းနှင့် သက်သောင့်သက်သာ ရှိလာတယ်။ သုံးသပ်ရရင် Disk Dr. ကို သုံးခြင်းဖြင့် နာကျင်မှုများကို သိသာစွာ ပျောက် ကင်းစေတယ်။ လူနာအများစုတို့က တစ်နေ့ပျှမ်းမျှ ၆ နာရီအထိ အသုံးပြုလျှင် နာကျင်မှု များကို သက်သာစေပြီး နေ့စဉ်သွားလာလှုပ်ရှားမှုအတွက် သိသာတဲ့ အနှောက်အယှက် မဖြစ်စေဘူးဆိုတာပါပဲ။
ခါးရိုးဆစ်များ ထိရောက်ပျက်စီးမှုကြောင့် ဖြစ်ရသော နာတာရှည် ခဏခဏ ခါးနာမှု များအတွက် Disk.Dr ကို သုံးခြင်းသည် သမရိုးကျနည်းများကို သုံးခြင်းထက် ထိရောက်မှု ရှိသညဆိုတာကို ဆေးလက်တွေ့လေ့ကျင့်မှုများအရ တွေ့ရှိရပါတယ်။ Ahigren ဆိုသူက ပြည်ပလူနာများကို Disk Dr.နဲ့ ကုသရာမှာ နာကျင်မှု ပျောက်ကင်းနှုန်း ၃၀-၈၀ ရာခိုင်နှုန်းရှိတယ်လို့ ၉၀.၅ ရာခိုင်နှုန်းတို့က စောစီးစွာ နာကျင်မှုသက်သာမှုကို ခံစားရတယ်။ ၆၆ ရာခိုင်နှုန်းတို့က ၁၄ ရက်အတွင်း သက်သာကြတယ်။ အများစုက တစ်လအတွင်း သက်သာကြတယ်။ ၁၄ ရာခိုင်နှုန်းကတော့ Disk Dr. ကို စဝတ်ပြီး မကြာခင်မှာပဲ သက်သာရာရကြတယ် စသည်ဖြင့် ဆိုကြပါတယ်။ ရောဂါပြင်းထန်လေ နာကျင်မှုပိုများလေပါပဲ။ ခြုံငုံသုံးသပ်ရရင် နာကျင်မှုအားလုံးအတွက် Disk Dr. ကို သုံးသင့်တယ်ဆိုတာပါပဲ။
သုံးစွဲသူတို့၏ ၈၈ ရာခိုင်နှုန်းက နှစ်သက်ကြသည်။ ဖော်ပြပါအချက်တို့ကို ကြည့်ခြင်းဖြင့် Disk Dr. ဖြင့် ကုသမှုသည် မတူအောင် ထိရောက်မှုရှိကြောင်း ဆိုရပါမယ်။ သက်သောင့်သက်သာရှိမှု၊ လုံခြုံစိတ်ချရမှု အချိန်နှင့်တစ်ပြေးညီသက်သာစေမှုတို့မှ အားသာပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီနည်းနဲ့ သုံးခြင်းဟာ နေ့စဉ် ဘဝဆောင်ရွက်မှုတို့ကို မထိခိုက်စေပါဘူး။ သုံးဖူးသူ ၁၀ ယောက်မှ ကိုးယောက် တို့ကတော့ အလားတူ ခံစားနေရသူအတွက် Disk Dr. တို့ပဲ ညွှန်းဆိုတော့မယ်လို့ ဆိုကြပါပြီ။
Credit:ေ ဒါက်တာမြင့်သန်း (ညောင်လေးပင်)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
